.
ယနေ့ခေတ်
လူငယ်တော်တော်များသည် အရက်၏ ကျေး ကျွန်ဘဝသို့
ကျရောက်နေကြပါသည်။ အရက်သောက်သူ ဦး ရေသည်
မြို့ကြီးပြကြီးတွင်သာမက ကျေးလက်တောရွာများအ ထိပါ တိုးပွားကာ သောက်သုံးလာကြပါသည်။
အရက်ဆိုသည် မှာ ဆန်၊ ပြောင်း၊
ကောက်ညှင်း၊ အသီးအနှံ၊ ဘာလီ စသည်တို့
မှ ထုတ်ယူသော အက်သနောပါဝင်သည့်
အရာအားလုံးကိုခေါ် ပါသည်။ အရက်အမျိုးအစားထဲတွင် အရက်၊
ဘီယာ၊ ဝိုင်၊ ခေါင် ရည်၊
ထန်းရည်ခါး၊ ဓနိရည်နှင့် အရက်အာနိသင်ပါသော အခြား အချိုရည်များ ပါဝင်ပါသည်။
ယနေ့ခေတ်ထဲတွင် ပုံစံအမျိုးမျိုး ဖြင့် ထုတ်လုပ်ပြီး စျေးပေါပေါဖြင့်
ဝယ်ယူသောက်သုံးနေကြ သော ပြည်တွင်း/ပြည်ပ
အရက်များစွာရှိပါသည်။ ရပ်ကွက်ကျေး ရွာတိုင်း အသိဉာဏ်ဗဟုသုတ ရရှိစေရန်
စာကြည့်တိုက် အရေ အတွက်ထက် အရက်ဆိုင်
အရေအတွက်က ပိုများပါသည်။ ထို့ ကြောင့် နေရာတိုင်း
အရက်ရနိုင်ခြင်းသည် လူငယ်များအား အ ရက်စွဲစေပြီး
အရက်၏ ကျေးကျွန်ဘဝသို့ အလွယ်တကူ ရောက် သွားစေနိုင်ပါသည်။
အရက်ကြောင့် သေဆုံးသူဦးရေ ၂ ဆခန့်
တိုးလာတာ သင်သိပြီးပြီလား။ လေ့လာတွေ့ရှိချက်တွေအရ ၁၉၉၉ ခုနှစ်မှ စတင်ပြီး
အရက်ကြောင့် လူသေဆုံးမှုအရေအ တွက်သည် ၂ ဆခန့်
မြင့်တက်လာသည်ဟု ပညာရှင်များက ဆိုထားကြပါသည်။ သေဆုံးသူ အများစုကို စစ်တမ်းကောက်
ကြည့်သည့်အခါ အသက် ၁၆ နှစ်နှင့်အထက်
လူငယ်တွေအ ပြင် လူလတ်ပိုင်း အရွယ်တွေ
အလွန်များတာကိုလည်း တွေ့ရှိ ရပါသည်။
.
မြန်မာနိုင်ငံတွင်
သေဆုံးသူ ၁၀၀ လျှင် ၅၉
ဦးသည် မကူး စက်နိုင်သော ရောဂါများကြောင့်
သေဆုံးနေကြောင်း တွေ့ရပါ သည်။ မကူးစက်နိုင်သော
ရောဂါဆိုသည်မှာ လူတစ်ဦးမှ တစ် ဦးသို့
ရောဂါကူးစက်ခြင်းကြောင့် မဟုတ်ဘဲ ကျန်းမာရေးနှင့် မ
ညီညွတ်သော အစားအစာများ စားသောက်ခြင်းနှင့် ကျန်းမာ ရေးနှင့် မညီညွတ်သော
လူမှုဘဝ နေထိုင်မှုပုံစံများတွင် ကြာ ရှည်စွာ စားသောက်နေထိုင်
ထိတွေ့နေရခြင်းကြောင့် ဖြစ်ပေါ် လာသော ရောဂါအစုအဝေးကို
ခေါ်ပါသည်။ မကူးစက်နိုင်သော ရောဂါများမှာ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ကျန်းမာရေး ပြဿနာ၊ နားလေးရောဂါ၊ မူးယစ်ဆေးဝါး၊
ဆီးချိုသွေးချိုရောဂါ၊ အရက်စွဲအန္တရာယ် စ သည်တို့
ဖြစ်ပါသည်။ လူတွေ၏ ကျန်းမာရေးကို ဆိုးရွားစွာဒုက္ခ
ပေးနေသော ရန်သူတွေများထဲတွင် အရက်သည်လည်း ထိပ် ဆုံးက ပါဝင်သည်။
ဆေးဖြစ်ဝါးဖြစ် မှီဝဲလို့ရသော်လည်း တ ကယ့်လက်တွေ့တွင်
အရက်သည်လည်း ထိပ်ဆုံးက ပါဝင် သည်။အရက်
သောက်သုံးသော အမျိုးသား ဦးရေသည် ယခင်
ကထက် ယခုတွင် ပိုများလာသည်။ ထို့အတူ
အရက် အလွန်အကျွံ သောက်သော အမျိုးသမီး ဦးရေသည်လည်း
၂၀၁၇-၂၀၁၈ ကြားတွင် သိသိသာသာ
ပိုများလာပါသည်ဟု DVB
Facebook Page တစ်ခုတွင် ဖတ်ခဲ့ရပါသည်။ ရပ်ရွာတိုင်း ၏ သာရေးနာရေးပွဲ
အများစုတွင် အရက်မပါရင်မဖြစ်၊ အရက် ပါမှ လူစည်သည်ဟု
ပြောကြသည်။ ကျွန်တော်သည် ကျန်းမာ ရေးဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့်
မိမိတာဝန်ကျရာဒေသ များ၌ ကျန်းမာရေးကွင်းဆင်း ဟောပြောရာတွင်
အရက်ကြောင့် ဖြစ်တတ်သော ရောဂါများအကြောင်း ပြောသည့်အခါ ယောကျ်ား လေး အများစုသည်
မသိမသာ ထွက်သွားလေ့ရှိသည်။ မှတ် မှတ်ရရ ဟောပြောပွဲတစ်ခုတွင်
အိမ်ထောင်သည် မိန်းမတစ် ယောက်ကို "အမယောကျ်ား
အရက်သောက်လား"ဟု ကျွန်
တော်မေးကြည့်လိုက်သည်။ ထိုမိန်းမ၏ အဖြေက "ဆရာရယ် အရက်သောက်တာ မကောင်းမှန်း
သိပေမယ့် သောက်နေကြ တာ ကျွန်မအိမ်က
ကျွန်မယောကျ်ား အပါအဝင် ရွာမှာရှိတဲ့ အ
ရွယ်ရောက်သော ယောကျာ်းအများစုလည်း သောက်ကြတယ်။ ရွာက သာရေးနာရေးပွဲတွေဆို အရက်မပါ
မဖြစ်၊ အရက်မပါ ရင် ပွဲကူမယ့်လူတောင်
မရှိဘူး ဆရာရယ်"တဲ့။ တချို့တွေက အရက်သောက်ခြင်းသည်
မအိုဆေးသောက်နေကြသည်ဟု ပြောကြပါသည်။ မအိုဆေးဟူသည် အရက်သောက်ခြင်းကြောင့် အသက်ရှည်ရှည် မနေရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြ
သောကြောင့် ဖြစ်ပါသည်။ တကယ့်အဖြစ်အပျက်လေးတစ်ခု စာဖတ်သူတွေကို ပြန်လည်ဝေမျှချင်ပါသည်။ ကျွန်တော်၏ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ကျောင်းစာလည်းအ လွန်တော်ပါသည်။ ၁၀ တန်း
အောင်တုန်းကလည်း အမှတ်စာ ရင်းကောင်းသောကြောင့် နည်းပညာတက္ကသိုလ်
တက်ရသည်။ သို့သော်လည်း ကျောင်းတက်နေရင်း သူငယ်ချင်းအပေါင်းအ သင်းကြောင့် အရက်စွဲလာခဲ့သည်။ တစ်နှစ်လောက်အကြာမှ အရက်အလွန်အကျွံ သောက်သောကြောင့် ကျောင်းမှ အထုတ် ခံလိုက်ရသည်။
အိမ်ပြန်ရောက်ချိန်တွင်လည်း အရက်အဆက် မပြတ်သောက်သောကြောင့် ဆေးရုံခဏခဏ
တက်ရပြီး နောက်ဆုံးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရခဲလွန်းလှသော လူ့ လောကကြီးကို နှုတ်ဆက်သွားခဲ့ရသည်။
ကျွန်တော့်သူငယ်ချင်း လိုမျိုး လူငယ်တွေ အရက်၏
ကျေးကျွန်ဖြစ်နေကြတာ ရေတွက် လို့ မရချေ။
အရက်ကို အမည်အမျိုးမျိုး ပေးထားသော်လည်း အရက်ဟုဆိုပါက ဖြတ်မရအောင် စွဲလမ်းစေတတ်ပြီး လူ၏ ရုပ် ပိုင်း၊
စိတ်ပိုင်း ထိခိုက်စေနိုင်ရုံသာမက အသက်ရှုံးမှုကိုပါ ဖြစ် ပွားနိုင်သဖြင့် လုံးဝအစမပြုမိရန်
လိုအပ်ပါသည်။
.
အရက်ကြောင့်ဖြစ်သော
ရောဂါများ
အရက်ကို အလွန်အကျွံသောက်ခြင်းဖြင့် ရရှိနိုင်သော ရော ဂါများမှာ အသည်းရောင်ခြင်း၊
အသည်းခြောက်ခြင်း၊ သွေးအန် ခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း၊
နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက် နှင့် အာရုံကြော
ထိခိုက်ခြင်း၊ စိတ်ရောဂါများဖြစ်ခြင်း စသည်တို့ ဖြစ်ပါသည်။ ထို့အပြင်
အရက်ကို အလွန်အကျွံ သောက်သုံးပါ က ကယောင်ကတမ်းဖြစ်ခြင်း၊
ကြောက်လန့်ခြင်း၊ အချိန်၊ နာ ရီ၊
နေရာ၊ လူခန့်မှန်းနိုင်စွမ်း မရှိခြင်း၊ ကြောက်လန့်စရာများ မြင်ရခြင်း/အသံဗလံများ ကြားရခြင်း၊ ပိုးမွှားများ ခန္ဓာကိုယ်ပေါ် ရွစိရွစိသွားသလို ခံစားရခြင်း၊ လက်တုန်ခြင်း၊ အရက်အလွန် သောက်သည့်အခါတွင် လူမရှိဘဲ
နားထဲတွင် ခေါ်သံများ၊ ခြိမ်း ခြောက်သံများ၊ စော်ကားမော်ကားသံများ
ကြားနေရတတ်ခြင်း၊ အတက်ရောဂါ ဖြစ်တတ်ခြင်း (ဝက်ရူးပြန်ရောဂါကဲ့သို့
တက် ခြင်း)၊
အရက်ကို ရုတ်တရက် ဖြတ်လိုက်ပါက အရက်ဖြတ်လက္ခ
ဏာများ ဖြစ်ပေါ်လာခြင်း၊ စိတ်ဓာတ်ကျရောဂါ ဖြစ်တတ်ခြင်း၊ အရက်ငန်းဖမ်းခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ ပန်း သေ/ပန်းညှိုးရောဂါဖြစ်ခြင်း၊
ဦးနှောက်ချို့ယွင်းခြင်း၊ သားသမီး မရခြင်း၊ အရက်နှင့်
မတည့်သော သူများသည် အရက်အနည်း ငယ်သောက်ရုံဖြင့်
ရုတ်တရက် စိတ်ဖောက်ပြန်တတ်ခြင်း၊ မိမိ ၏ ဇနီးကို
အထင်အမြင် လွဲမှားခြင်းများ ဖြစ်တတ်ခြင်း၊ အရက် ကြောင့် ရာဇဝတ်မှု
ကျူးလွန်သည်အထိ ဖြစ်နိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။ အထက်ပါ
ဆိုးကျိုးများကို မခံစားရစေရန် အရက် သောက်သုံးခြင်း၊ အထူးသဖြင့်
အလွန်အကျွံ သောက်သုံးခြင်း၊ အရက်ကို စွဲလမ်းစွာ သောက်သုံးခြင်းတို့မှ
ရှောင်ကြဉ်ရန် လို အပ်ပါသည်။ နောက်ထပ်သေဆုံးမှုများရခြင်း
အကြောင်းရင်း မှာ အရက်သောက်ကြသော လူများသည်
အရက်တစ်မျိုးတည်း မဟုတ်ဘဲ ဆေးလိပ်၊ Vape အီးစီးကရက်၊
မူးယစ်ဆေးဝါး၊ စိတ် ကြွဆေးတွေကိုပါ သုံးစွဲကြသည့်ဆိုသော
အချက်ပင် ဖြစ်ပါ သည်။ အချိန်တိုင်း
အရက်လည်းသောက်၊ အခြားသော ကိုယ့် ကျန်းမာရေးကို
ထိခိုက်စေနိုင်သည့် အရာများကိုပါ အဆက်မ ပြတ်သောက်သုံးနေပါက အရွယ်မတိုင်မီ
အသက်သေဆုံးနိုင် သည်အထိ အန္တရာယ်ဖြစ်စေမှာ အသေအချာပင်
ဖြစ်ပါသည်။
.
.
လူငယ်တွေကြား
အရက်သောက်သုံးမှုနှုန်း မြင့်တက်လာခြင်း
လူငယ်များအကြား
အရက်နှင့် ယမကာအမျိုးမျိုး သောက် သုံးလာစေရန် နည်းမျိုးစုံဖြင့်
စျေးကွက်အတွင်း ထိုးဖောက်စွဲ ဆောင်မှုများ ပြုလုပ်လျက်ရှိပါသည်။ ထိုထက်ဆိုးသည်မှာ အ ရက်သောက်သုံးသူများ၏
၇၀ ရာခိုင်နှုန်းမှာ အရည်အသွေး
မ မီသည့် အရက်များ
သောက်သုံးနေကြောင်း မှတ်သားခဲ့ဖူးပါ သည်။ လူငယ်များကြား အရက်သောက်သုံးမှုနှုန်းသည်
တစ် နှစ်ထက်တစ်နှစ် ပို၍
တိုးလာကြောင်း လေ့လာသိရှိရပါသည်။ များသောအားဖြင့် အသက် ၁၆ နှစ်
ဝန်းကျင်ခန့် ဆယ်ကျော် သက် လူငယ်များ၊
၂၀-၃၅ ဝန်းကျင်
လူငယ်တွေမှာ အရက်ပို သောက်လာတတ်ကြပါသည်။ အပေါင်းအသင်းများကြောင့်
မြည်းစမ်းသောက်ရင်းကနေစပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အရက် စွဲခြင်း၊ အရက်ကို
နေ့စဉ်ရက်ဆက် စွဲသောက်ခြင်း လုပ်ငန်းခွင်၊ မိတ်ဆုံစားပွဲ သွားရသည့်အခါ ဧည့်ဝတ်ကျေပွန်မှု အနေဖြင့် မ သောက်မဖြစ်
သောက်ရခြင်း၊ စိတ်ဖိစီးမှုများ၊ စိတ်ရောဂါနှင့် တခြားသော
စိတ်ကျန်းမာရေး ပြဿနာများကြောင့် အရက်ကို ဖြေဆေးအဖြစ် မှီဝဲလာကြသည်။
လူငယ်ဆိုတာ နဂိုကတည်း က အသစ်အဆန်းများကို
စမ်းလုပ်ကြည့်ရာမှ စွဲလမ်းသွားတတ် ကြပြီး အလွန်အကျွံ လုပ်မိရာမှတစ်ဆင့်
Overdose ဖြစ်ခြင်း ကြောင့် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်တတ်ပါသည်။
အရက်ကို စိတ်၏ ထွက်ပေါက်ဖြေဆေးအဖြစ် မှီဝဲလာကြပေ
မယ့် တကယ်တမ်းတွင် စိတ်ရောဂါကို ပျောက်ကင်းသွားအောင် ကုပေးနိုင်ခြင်း မဟုတ်ဘဲ ပို၍ ဆိုးသွားစေနိုင်ပါသည်။
အရက် အလွန်အကျွံ သောက်သော လူများတွင် လူမှုပတ်ဝန်းကျင်ရော
အလုပ်ခွင်မှာပါ စိတ်မကြည် မလန်းဆန်းဘဲ တစ်နေ့တာ
ကိုယ့် ရဲ့ လုပ်ဆောင်အားကို ကျဆင်းစေရုံသာမက
စိတ်ကျန်းမာရေး ပြဿနာကို ပိုမိုဆိုးသွားစေနိုင်ပါသည်။ နောက်ဆက်တွဲ အနေ
ဖြင့် အိပ်ရေးပျက်၊ အစားပျက်ဖြစ်ပြီး စိတ်ဓာတ်ကျရာမှ ကိုယ့် ကိုယ်ကို သေကြောင်းကြံစည်မှုများလည်း
လူငယ်များကြားတွင် အလွန်အဖြစ်များလာသည်။
.
အရက်သောက်သူတိုင်း
အရက် စ သောက်ရတာ
လွယ်ကူ ပေမယ့် အရက် ဖြတ်မည်ဆိုပါက
အတော်ခက်ခဲလှပါသည်။ အ ရက်သောက်သူများအတွက်
အရက်ဖြတ်ခြင်းသည် အကောင်း ဆုံး ဖြစ်ပေမယ့်
အရက်သောက်သူတိုင်း အကြောင်းအမျိုးမျိုး ကြောင့် ဖြတ်ရခဲပါသည်။ ထိုအခက်အခဲများကို
ကျော်ဖြတ်နိုင် ဖို့ ကျွန်တော် ဖတ်မှတ်ခဲ့ဖူးသော
အရက်ဖြတ်နည်း တချို့ကို မျှဝေပေးပါမည်။ အရက်ဖြတ်ရန်
ခက်နေသောသူများအတွက် အောက်ပါ နည်းလမ်းများကို လက်တွေ့
လုပ်ဆောင်ပြီး ပြုပြင် ပြောင်းလဲသင့်ပါသည်။ ထိုနည်းလမ်းများမှာ
အရက်ကို ပုံမှန် သောက်တာထက် လျှော့သောက်ခြင်း၊
နေ့စဉ် ရက်ဆက် သောက်ခြင်းထက် တစ်ပတ်ကို
တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ သောက်ခြင်း၊ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို သေချာဂရုစိုက်ခြင်း၊ အစာ အာဟာရကို ပြည့်ဝစုံလင်စွာ
စားသုံးပေးခြင်း၊ စိတ်ပျော်ရွှင် သော အရာများကိုသာ အဓိကလုပ်ပြီး
တစ်နေ့တာကို အ ကောင်းဆုံး
ကျော်ဖြတ်ခြင်း၊ စိတ်ဖိစီးမှုများ၊ စိတ်ညစ်စရာကိစ္စ များကို တစ်ယောက်တည်း မျိုသိပ်ခြင်းထက်
မိမိ၏ အရင်းနှီး ဆုံး မိတ်ဆွေများကို
ရင်ဖွင့်တိုင်ပင်ခြင်းဖြင့် လက်တွေ့ပြုပြင် လုပ်ဆောင်သင့်ပါသည်။ အထူးသဖြင့် အသက်ရှည်ရှည်၊ ကျန်း ကျန်းမာမာနှင့် ပျော်ပျော်ရွှင်ရွှင်
မိသားစု အသိုက်အမြုံလေး တည်ဆောက်ချင်သူတွေတိုင်း၏ အိပ်မက်ကို ဖျက်စီးနိုင်သည် မှာ အရက်သည်လည်း အဓိကဖြစ်ပါသည်။
ထို့အပြင် အရက် ကြောင့် ဖြစ်နိုင်သော
ရောဂါများအကြောင်းနှင့် နောက်ဆက် တွဲ ကျန်းမာရေး
ပြဿနာများအကြောင်း စုံစုံလင်လင် သိရှိလို ပါက ဆေးပညာဆောင်းပါးများမှတစ်ဆင့်
ရှာဖွေဖတ်ရှုလေ့လာ နိုင်ပါသည်။ "အရက်သမား အမှားတစ်ထောင်" ဆိုသကဲ့သို့
အ မှား၊ အမှန်
မခွဲခြားနိုင်တော့ဘဲ အမှားများ ဆက်တိုက်ကျူးလွန် မိတတ်ကြသည်။
တစ်ဖန် အရက်သောက်ခြင်းသည် ဗုဒ္ဓ၏အ ဆုံးအမနှင့် မညီဘဲ
ငါးပါးသီလကို ဖောက်ဖျက်ကျူးလွန်သော ကြောင့် မလိိုအပ်သော အပြုအမူများ
လုပ်ဆောင်မိတတ်ကြ သည်။ အရက်ကို
အလွန်အကျွံ သောက်သုံးခြင်းကြောင့်နောက် ဆုံး လူဖြစ်ရှုံးသည့်အဖြစ်နှင့် ရင်ဆိုင်ကြုံတွေ့ကာ ဘဝဆုံးသွား
သူများလည်း လူမှုပတ်ဝန်းကျင်တွင် အများအပြားတွေ့ရမည် ဖြစ်သည်။ ထို့ပြင် အရွယ်မရောက်သေးသော
ကလေးသူငယ် များ၊ အမျိုးသမီးများကို အရက်ဝယ်ခိုင်းခြင်း၊
ရောင်းချခြင်း မပြု လုပ်စေရန်နှင့် မသောက်သုံးမိစေရန်
လိုအပ်ကြောင်း၊ အရက် ကို အလွန်အကျွံ
သောက်သုံးမိပြီး အရက်စွဲရောဂါ ဖြစ်နေပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းနှင့်
ကျန်းမာရေးဌာနများတွင် ဆော လျင်စွာပြသ၍ စနစ်တကျ
ကုသခံယူကြရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ/သား များ၏
ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လူမှုရေးဘဝများစွာ
ကို အနှောင့်အယှက် ပေးနေသည့်
ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ် ပြီး နည်းလမ်းအသွယ်သွယ်ဖြင့်
ဝင်ရောက်လာသော အရက်မျိုး စုံအန္တရာယ်ကို နိုင်ငံတော်၏
တာဝန်ရှိသူများအနေဖြင့် ဂရုပြု သင့်ပါသည်။ ရခဲလွန်းလှသော
လူ့ဘဝတိုတိုလေးမှာ အရက် သောက်ရင်း တန်ဖိုးရှိလှသော
ဘဝကို အဓိပ္ပါယ်မဲ့စွာ မဖြတ် သန်းကြဘဲ "ရှောင်လေဝေးဝေး
မူးယစ်ဆေး" ဟူသော စကား အတိုင်း
တန်ဖိုးရှိစွာ ဖြတ်သန်းကြဖို့ အကြံပြုအပ်ပါသည်။
မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ/သား များ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လူမှုရေးဘဝများစွာ ကို အနှောင့်အယှက် ပေးနေသည့် ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ် ပြီး နည်းလမ်းအသွယ်သွယ်ဖြင့် ဝင်ရောက်လာသော အရက်မျိုး စုံအန္တရာယ်ကို နိုင်ငံတော်၏ တာဝန်ရှိသူများအနေဖြင့် ဂရုပြု သင့်ပါသည်။ ရခဲလွန်းလှသော လူ့ဘဝတိုတိုလေးမှာ အရက် သောက်ရင်း တန်ဖိုးရှိလှသော ဘဝကို အဓိပ္ပါယ်မဲ့စွာ မဖြတ် သန်းကြဘဲ "ရှောင်လေဝေးဝေး မူးယစ်ဆေး" ဟူသော စကား အတိုင်း တန်ဖိုးရှိစွာ ဖြတ်သန်းကြဖို့ အကြံပြုအပ်ပါသည်။
.
နိဂုံးချုပ်ဆိုရသော်
အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာ ဝန်ယူ ထမ်းဆောင်မည့် ဖယောင်းလို
နုနယ်သော လူငယ်များ သည် အရက်နှင့်
ဆက်နွယ်သော မူးယစ်ဆေးဝါးများကို ဝေး ဝေးရှောင်ရှားသင့်ပါသည်။ အရက်စွဲနေသော လူငယ်များလည်း
ကိုယ့်ရဲ့ အမှားကို အချိန်မီ ပြုပြင်ပြီး
အရက်ကို ဖြတ်နိုင်ဖို့ (သို့ မဟုတ်) နဂိုကထက်
လျှော့သောက်နိုင်ဖို့ ကြိုးစားကြရန် အထူး လိုအပ်လှသည်။ ခေတ်သစ်စနစ်သစ်
ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နေချိန်တွင် နိုင်ငံတော် လူငယ်လေးများ၏ အား အင်များကို အရက်နွံအတွင်း
မနစ်မွန်းကြစေရန် ရှုထောင့်ပေါင်း စုံ မြင်ကွင်းပေါင်းစုံမှ အားလုံးဝိုင်းဝန်း
အဖြေရှာပြီး စိတ်ကျန်း မာကိုယ်ကျန်းမာ ဖွံ့ဖြိုးသည့်
လူမှုအဖွဲ့အစည်းကို ဖန်တီးကြရမည် ဖြစ်သတည်း။ ။