ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း တစ်သိန်းကျော်ရှိလာနေ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Sunday, March 8, 2020

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း တစ်သိန်းကျော်ရှိလာနေ

မင်းဇော်မင်း
.
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံထားရသူ အရေအတွက် တစ်သိန်းကျော် ရှိလာ နေပြီဖြစ်ကြောင်း သိရသည်။
.
 
.
မတ်လ ၈ ရက် မွန်းလွဲပိုင်းအထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၂ နိုင်ငံရှိ လူဦးရေ ၁၀၆၁၆၆ ဦးတွင် COVID-19 ကူးစက်ခံထားရပြီး သေဆုံးသူ ၃၅၉၈ ဦး ရှိပြီဖြစ်ကာ ပြန်လည်သက်သာ လာသူ ၆၀၁၈၀ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သေဆုံးသူများအနက် အီတလီနိုင်ငံတွင် သေဆုံးသူ ၂၃၃ ဦး ရှိလာပြီး ဖြစ်ပြီး ယင်းနိုင်ငံတွင် မတ်လ ၆ ရက် တစ်ရက်တည်းမှာပင် ၄၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
.
ထို့အတူ အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄၃၀ ကျော် ရှိနေပြီး ၁၉ ဦး သေဆုံးခဲ့ပြီးဖြစ်သည့် အပြင် ယင်းရောဂါကြောင့် ကာလီဖိုးနီးယားပြည်နယ်၌ အရေးပေါ်အခြေအနေကို မတ်လ ၆ ရက်ကကြညာခဲ့ရသည်။
.
အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၆ ခုတွင် ရာဂါကူးစက်မှုဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူများအနက် ၁၀ ဦးမှာ ၀ါရှင်တန် ပြည်နယ်မှဖြစ်ကာ ရေးပေါ်အခြေအနေကို ၀ါရှင်တန်၊ ဖလော်ရီဒါ၊ ပြည်နယ်တို့တွင်လည်း ကြေညာထားသည်ဟု သိရသည်။
.
ထို့အတူ အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးတစ်ဦးဖြစ်သူ Hosein Sheikholeslam သည် မတ်လ ၅ ရက် ညနေပိုင်းက အဆိုပါရောဂါဖြင့် သေဆုံးခဲ့ကြောင်း အီရန်သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့သည်။
.
COVID-19 ကူးစက်ရောဂါသည် တရုတ်ပြည်မကြီးတွင် ကူးစက်မှုဖြစ်စဉ် အများစုရှိနေသလို တောင်ကိုရီးယား အီရန်နှင့် အီတလီနိုင်ငံတို့တွင်လည်း ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)