စိုင်းသိင်္ခသူ
.
အိန္ဒိယနိုင်ငံအတွင်း
ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ဗုဒ္ဓဂါယာဘုရားဖူး ၂၅၀၀ ကျော်အား စင်းလုံးငှားလေယာဉ်များဖြင့်
ပြန်လည်ခေါ်ယူလျက်ရှိကြောင်း ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်းကော်မတီမှ သိရသည်။
.
.
ဗုဒ္ဓဂါယာဘုရားဖူးလုပ်ငန်းကော်မတီဥက္ကဋ္ဌသည်
ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Pradeep Kumar
Patel အား မတ်လ ၁၂ ရက်က သွားရောက်တွေ့ဆုံပြီးနောက်
မတ်လ ၁၃ ရက်တွင် ခရီးသွားလုပ်ငန်းကုမ္ပဏီများနှင့် ညှိနှိုင်းကာ ဘုရားဖူးများအား စင်းလုံးငှားလေယာဉ်များဖြင့်
ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင်
ဘုရားဖူးလှည့်လည်နေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင်ရန် ဗုဒ္ဓဂါယာ လေယာဉ်
စင်းလုံးငှားခရီးစဉ်လက်မှတ် ရောင်းချပေးနေသာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ခရီးသွား ကုမ္ပဏီ
၃ ခုနှင့် ဘုရားဖူး လုပ်ငန်းကော်မတီတို့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.
“နီပေါလ်နိုင်ငံမှာလည်း
တစ်ယောက်မှ မကျန်ပါဘူး။ ရန်ကုန်က အိန္ဒိယကောင်စစ်ဝန်နဲ့ ဆွေးနွေးပြီးနောက် အချိန်မီ
ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ အခု ၂၅၀၀ ကျော်ပါတယ်။ တခြား Air India နဲ့ Indigo လေကြောင်းလက်မှတ်တွေ နဲ့ ပြန်လာနေတဲ့သူတွေလည်လး် သီးခြားရှိပါတယ်” ဟု ဗုဒ္ဓဂါယာဘုရားဖူးလုပ်ငန်းကော်မတီ
ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
Myanmar Getaway Travels &Tours ကုမ္ပဏီ ၏ အစီအစဉ်ဖြင့် မြန်မာဘုရားဖူး ၁၁၅၂ ဦးကို
မတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ MAI လေယာဉ်
ခရီးစဉ် ၅ ကြိမ်ဖြင့်လည်းကောင်း၊ Thit Shwe Sin Group of companies အစီအစဉ်ဖြင့် မြန်မာဘုရားဖူး ခရီးသည် ၈၁၀ ဦး တို့အား
MNA လေကြောင်းခရီးစဉ် မတ်လ
၁၂ရက်မှ ၁၇ ရက်အထိ လည်းကောင်း၊ Indigo လေကြောင်းလိုင်းဖြင့် မတ်လ ၁၇၊ ၁၈ရက်များတွင် စုစုပေါင်း ၆ ကြိမ်
ပျံသန်း၍လည်းကောင်း၊ Gracious Vacation ကုမ္ပဏီမှမှ မြန်မာဘုရားဖူး ခရီးသည် ၅၉၆ ဦးကို MNA၊ INDIGO၊ Air India လေကြောင်းများဖြင့်
မတ်လ ၁၁ ရက်မှ ၁၈ ရက်အထိ စုစုပေါင်း ၇ ကြိမ် ပျံသန်းကာ ရန်ကုန်မြို့သို့
ပြန်လည်ခေါ်ဆောင်လျက်ရှိရာ စုစုပေါင်း မြန်မာ ဘုရားဖူးခရီးသည် ၂၅၄၈ ဦး အား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
အိန္ဒိယနိုင်ငံမှ
မတ်လ ၁၁ ရက်က သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ပြည်တွင်းဝင်ခွင့်
မပေးတော့ဟု ကြေညာပြီးနောက် မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာဘုရားဖူးများကို
ဗုဒ္ဓ္ဂဂယာဘုရားဖူးလုပ်ငန်းကော်မတီမှ ပြန်လည်ခေါ်ယူခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
.