ဟိုပုံးဒေသထွက် သခွားမွှေးများ အထွက်နည်းသည့်အပြင် ရောင်းအား ကျဆင်း - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 13, 2020

ဟိုပုံးဒေသထွက် သခွားမွှေးများ အထွက်နည်းသည့်အပြင် ရောင်းအား ကျဆင်း


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပ အိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းမှ ထွက်ရှိသည့် သခွားမွှေးသီးများမှာ ယခုနှစ်တွင် အထွက်နှုန်း လျော့နည်းကျဆင်းနေ သည့်အပြင် ရောင်းအားကျဆင်းနေ သဖြင့် တောင်သူများ အခက်အခဲ ကြုံနေရသည်ဟု သိရသည်။
.
 
.
“ဒီနှစ်က သိပ်မသီးဘူး။ အရင်း နားပဲ သီးပြီး အလယ်နားမှာ အသီး သိပ် မရှိဘူး။ ပွဲရုံမရှိတော့ ဖောက် သည်တွေ ခြံအထိလာယူပြီး တစ် ဆင့် ပြန်ရောင်းကြတာပေါ့။ ဒီနှစ်မှာ စျေးကွက်လည်းမရှိတော့ တောင် သူတွေ အခက်ကြုံရပါတယ်” ဟု ဟို ပုံးမြို့နေ သခွားမွှေးစိုက်တောင်သူ ဦးညွန့်မောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သခွားမွှေး မျိုးစေ့များကို တစ် ထုပ်လျှင် ၈၅၀၀ ကျပ်နှုန်းဖြင့် ဝယ် ယူစိုက်ပျိုးခဲ့ရပြီး လက်ရှိအသီးထွက် ရှိချိန်တွင် သခွားမွှေး တစ်လုံးလျှင် အရွယ်အစားပေါ် မူတည်၍ ၁၅၀ ကျပ်မှ ၄၀၀ ကျပ်အကြား ရောင်းချ ရကြောင်း ၎င်းထံက သိရသည်။
.
သခွားမွှေးဝယ်ယူပြီး တစ်ဆင့် ပြန်လည်ရောင်းချသူ ဒေါ်နန်းငွေ ငွေက “အရင်နှစ်က ပိုရောင်းကောင်း တယ်။ ဧပြီ၊ မေ ဆိုရင်တော့ မပြော တတ်သေးဘူး။ ကျောင်းပိတ်ရာသီ ဆိုရင်တော့ ဘုရားဖူးတွေလာရင် ရောင်းကောင်းမှာပေါ့။ ရှုံးတဲ့အခါ လည်း ရှိသလို မြတ်တဲ့အခါလည်း ရှိတယ်။ ပုံသေ တွက်လို့မရဘူး” ဟု ၎င်း၏အတွေ့အကြုံကို ပြောဆို ခဲ့ သည်။
.
အဆိုပါ သခွားမွှေးသီးများကို မြန်မာနိုင်ငံအတွင်း မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပြီး အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်နှင့် ၃၀ ဒီဂရီ စင်တီဂရိတ်အကြား၊ ရေစီးရေလာ ကောင်းမွန်၍ ရေသွင်း ရေထုတ် လွယ်ကူသော သဲနုန်းမြေများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)