ဟိုပုံးတွင် ဆိုင်ကယ်စီး ဦးထုပ် မဆောင်းဘဲ စီးနင်းသူများအား မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

ဟိုပုံးတွင် ဆိုင်ကယ်စီး ဦးထုပ် မဆောင်းဘဲ စီးနင်းသူများအား မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူ


နန်းဝင်းရီ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပ အိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ စီးနင်းမောင်နှင်သည့် မော်တော်ဆိုင်ကယ် မောင်းနှင်သူ များအား ၂၀၁၅ ခုနှစ်၊ မော်တော် ယာဉ်ဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
.
 
.
ထိုသို့ အရေးယူ ဆောင်ရွက်ရာ တွင် ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင် သော အဖွဲ့က မတ်လ ၃ ရက်မှ ၆ ရက် အထိ ၄ ရက်အတွင်း ဆိုင် ကယ်စီး ဦးထုပ် မဆောင်းသူ ၂၉ ဦးအား အမှုဖွင့် အရေးယူ ဆောင် ရွက်ခဲ့ကြောင်း ဟိုပုံးမြို့မ ရဲစခန်းမှ သိရသည်။
.
တစ်ရက်ကို အနည်းဆုံး ၇ မှု ဖမ်းမိပါတယ်။ ဖမ်းဆီးပြီး နေ့ချင်းပဲ အမှု ဖွင့်ပြီး တရားရုံးမှ အမှု စွဲတင် တယ်။ ဦးထုပ် ဆောင်းရင်တော့ အန္တရာယ် ကင်းတာပေါ့။ တစ်ခုခုဖြစ် ရင် ခေါင်းမှာပဲ ထိတာဆိုတော့ ဆိုင် ကယ်စီးဦးထုပ်ကို ဆောင်းစေချင် ပါတယ်” ဟု ဟိုပုံးမြို့မရဲစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းသို့ ဖမ်းဆီးအရေးယူမှု နှင့် ပတ်သက်၍ ဟိုပုံးဒေသခံတစ်ဦးက “အဓိကကတော့ အသိပညာပေးတာ တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့် တယ်။ လူမှုကွန်ရက်မှာ ကြေညာ တာလောက်နဲ့ လူထုအကုန်သိမှာ မ ဟုတ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်း တွေ ကိုယ်တိုင်က ဆိုင်ကယ်စီး ဦး ထုပ် မဆောင်းကြဘူး။ လူသွားလူ လာများတဲ့ လမ်းဆုံလမ်းခွလို နေရာ မျိုးမှာ ဗွီနိုင်းထောင် ကြေညာတာ မျိုး၊ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခိုင်း တာမျိုး အရင်လုပ်သင့်ပါတယ်။ ရုတ် တရက် ဖမ်းဆီးအရေးယူတာ မလုပ် သင့်ပါဘူး။” ၎င်း၏အမြင်ကို ပြော ဆိုခဲ့သည်။
.
ဟိုပုံးမြို့နယ်တွင် ယာဉ်အန္တ ရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေ ရေးအတွက် စည်းကမ်းမလိုက်နာ သော ယာဉ်မောင်းများကို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်း က ကြေညာထားခဲ့သော်လည်း ပြည် သူလူထုအကြား သိရှိမှု မရှိကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ဟိုပုံးဆိုတာ အရင်ကတည်း က ဘယ်သူမှ ဆောင်းတဲ့သူ မရှိပါ ဘူး။ တချို့ကျတော့ ရွာတွေက တက်လာတာဆိုတော့ အရမ်း ရိုး တယ်။ ဘာမှ မသိဘူး။ ကြောက် ကြတာပေါ့။ အားလုံးနီးပါး မလိုက် နာတဲ့ နေရာမျိုးမှာ ဖမ်းရင်လည်း အားလုံးကို ဖမ်းလိုက်ပေါ့။  လူရွေးပြီး ဖမ်းတာမျိုးတော့ မလုပ်စေချင်ဘူး၊ မဟုတ်ရင် အသိပညာ ပေးတာမျိုး က ပိုသင့်တော်ပါမယ်”  ဟု ဒေသခံ တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါ ဆိုင်ကယ်စီးဦးထုပ် မ ဆောင်းဘဲ ဆိုင်ကယ်စီးနင်းသူများ အား ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၅၄(ဃ)/၆၂ ဖြင့် တရား ရုံးတွင် အမှုဖွင့်အရေးယူဆောင်ရွက် ပြီး ဒဏ်ငွေကျပ် ၃၀၀၀၀ ပေးဆောင် စေခြင်းဖြစ်ကြောင်း သိရသည်။
.
၂၀၁၅ ခုနှစ်၊ မော်တော်ယဉ် ဥပဒေ ပုဒ်မ ၅၄ (ဃ) တွင် မည်သူမ ဆို မော်တော်ဆိုင်ကယ်ကို စီးနင်း စဉ် မော်တော်ဆိုင်ကယ် ဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာတပ်၍ မောင်းနှင်မှု မပြုပါက ယင်းဥပဒေ ပုဒ်မ ၆၂ အရ ကျပ် ၃၀၀၀၀ ထက် မ ပိုသော ငွေဒဏ်ကို ချမှတ်ရမည်ဟု ပြဌာန်း ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)