နေမင်းထွန်း
(ဟိုပုံး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မတ်လ ၂၃ ရက်၊ ညနေပိုင်းက အန္တရာယ်
ကင်း ပရိတ်တရားတော်များကို မြို့တစ်ပတ် လှည့်လည်ပူဇော်ခဲ့ကြသည်ဟု သိရသည်။
.
.
ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားလျက်ရှိသော
COVID-19 ရောဂါ မြန်မာနိုင်ငံနှင့်
ကမ္ဘာတွင် ဆက်လက်ပြန့်ပွားမှု မရှိစေရေးနှင့် ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက်
သံဃာတော်အရှင်သူမြတ်များမှ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး၌
ပရိတ်တရာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ထို့နောက်
သံဃာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့လိုက်ခွဲ၍
ဟိုပုံးမြို့နယ်အတွင်းလှည့်လည်ကာအန္တရာယ်ကင်းပရိတ်တရားတော်များကိုရွတ်ဖတ်သဇ္စျာယ်ခဲ့ကြကြောင်း
သိရသည်။
.