စိုင်းရာဇာ
.
ရှမ်းပြည်နယ်
မြေယာခွန်ဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ ထဲထဲဝင်ဝင် ပိုမိုသိရှိစေ
ရန်အတွက် ပြီးခဲ့သည့် မတ်လ ၁၂ ရက်က ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့ရှိ
မြို့တော်ခန်းမတွင် ရှမ်းပြည်နယ်လွှတ်တော် ကော်မတီ ကြားနာပွဲကို ပြုလုပ်ခဲ့ကြောင်း
သိရ သည်။
.
.
“လွှတ်တော်ရဲ့
ကဏ္ဍကို ပြည် သူလူထုတွေကနေ ပိုပြီးတော့ ထဲ ထဲဝင်ဝင် သိစေချင်တယ်။ မြေယာ
ခွန်ဥပဒေနဲ့ ပတ်သက်ပြီး တောင်ကြီး ခရိုင်အတွင်းမှာရှိတဲ့ လူမှုရေးအဖွဲ့ အစည်းတွေ၊
အုပ်ချုပ်ရေးပိုင်းဆိုင် ရာ၊ စီမံကိန်းတို့၊ ဥပဒေတို့၊ စီမံခန့်ခွဲ ရေး
အဖွဲ့တွေကို မြေယာခွန်ဥပဒေ ဘယ်လောက် ဖြစ်သင့်သလဲ၊ မြေ တစ်ဧကကို အရင်က တစ်ကျပ်၊ အခု
က ၆၀၀၊ ၇၀၀ လောက်တက်မယ့် ကိစ္စဆိုတော့ ဘယ်လိုအကြံပြုချင် သလဲဆိုတာ ရှင်းပြတယ်”ဟု
ရှမ်း ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လွှတ်တော်ဥပဒေပြု
ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစဝ် အောင်မြတ်က ပြောသည်။
ဒုတိယအကြိမ်
ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးကော်မတီ သည် ပြဌာန်းထားသော ဥပဒေများ သက်ဝင်မှု
ရရှိစေရန်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှု
ပိုမိုအား ကောင်းလာစေရန်၊ အပြန်အလှန် ညှိ နှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်စေရန်၊
ပြဌာန်းထားသော ဥပဒေများအား သက်ဝင်မှု ရှိ/မရှိ၊ ပြည်သူများ လိုက်နာမှု ရှိ/မရှိနှင့်
ရှမ်းပြည်နယ် မြေယာခွန် ဥပဒေ(မူကြမ်း)အပေါ် ဥပဒေကောင်း ပေါ်ထွက်လာစေရန် ရည်ရွယ်၍
ကြားနားပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ်
ရှမ်းပြည်နယ် လွှတ်တော်အနေဖြင့် ပြည်သူလူထု များနှင့် တွေ့ဆုံပွဲကို လာမည့် ဧပြီလ
အတွင်း တောင်ကြီးမြို့ရှိ ယခင် လွှတ်တော် အစည်းအဝေးခန်းမ (ကျားခေါင်းခန်းမ)တွင်
ပြုလုပ်သွား ရန်ရှိကြောင်း သိရသည်။
.
“လွှတ်တော်ရဲ့
လုပ်ငန်းစဉ်တွေ ကို ရှင်းပြတယ်။ ပြည်သူလူထုနဲ့က လွှတ်တော် ကိုယ်စားလှယ်တွေက
နေတစ်ဆင့် တွေ့တာပဲရှိတယ်။ ရှမ်း ပြည်နယ်လွှတ်တော် အနေနဲ့ ထိ တွေ့မှု
မရှိသေးတဲ့အတွက် ဥက္ကဋ္ဌ ကိုယ်စား တွေ့တာဖြစ်ပါတယ်” ဟု ဦးစဝ်အောင်မြတ်က ဆက်လက်
ပြောဆိုခဲ့သည်။
.
ဒုတိယအကြိမ်
ရှမ်းပြည်နယ် လွှတ်တော်အနေဖြင့် ဒေသန္တရ စီမံ ကိန်း ဥပဒေ(မူကြမ်း) ၄ ခု၊ ဘဏ္ဍာ
ငွေအရ အသုံးဆိုင်ရာဥပဒေ (မူ ကြမ်း) ၈ ခု၊ အများပြည်သူနှင့်ဆိုင် သော ဥပဒေကြမ်း ၁၅
ခု၊စုစုပေါင်း ဥပဒေမူကြမ်း ၂၇ ခုကို လွှတ်တော် သို့ တင်သွင်းနိုင်ခဲ့ပြီး ဥပဒေ ၂၅
ခု ကို အတည် ပြုပြဌာန်းနိုင်ခဲ့ကာ ဆွေး နွေးလျက်ရှိသော ဥပဒေ(မူကြမ်း) ၁ ခုနှင့်
အမိန့် ကြော်ငြာစာ အဖြစ် ပြောင်းလဲ ထုတ်ပြန်ခဲ့သည့် ဥပဒေမူ ကြမ်း ၁ ခု
ရှိခဲ့ကြောင်း သိရသည်။
.
ဒုတိယအကြိမ်
ရှမ်းပြည်နယ် လွှတ်တော် သက်တမ်း ၄ နှစ်တာ ကာလအတွင်း ပုံမှန်အစည်းအဝေး ၁၈ ကြိမ်၊
အရေးပေါ်အစည်းအဝေး ၄ ကြိမ်နှင့် အထူးအစည်းအဝေး ၁ ကြိမ် စုစုပေါင်း လွှတ်တော်အစည်း
အဝေး ၂၃ ကြိမ် ကျင်းပပြုလုပ်နိုင် ခဲ့ပြီးဖြစ်ကာ အဆို ၅၈ ခု ဆွေးနွေး
အတည်ပြုခြင်း၊ ကြယ်ပွင့်ပြမေးခွန်း ၁၀၀၄ ခု မေးမြန်းခြင်းနှင့် ဖြေကြား ခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
.
အဆိုပါ
ဒုတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် ကော်မတီကြား နားပွဲသို့ ဒေသခံ ပြည်သူလူထုများ၊
ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက်
လူ့အဖွဲ့အစည်းများ၊ နိုင် ငံရေးပါတီအဖွဲ့များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ယင်း
လွှတ်တော်ကော်မတီ ကြားနာပွဲ ကျင်းပပြုလုပ်မည့် အစီ အစဉ်နှင့် ပတ်သက်၍ ရှမ်းပြည်
နယ်လွှတ်တော်ရုံးမှ သတင်းမီဒီယာ များအား ဖိတ်ကြားရန် ညွှန်ကြား ထားခဲ့သော်လည်း
အကြောင်း အ မျိုးမျိုးကြောင့် ပြည်နယ်တွင်းရှိ သ တင်းမီဒီယာအချို့မှာ ဖိတ်ကြားစာ
မရသဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
.