ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားကို တပ်ချုပ် ထီးတော်တင်လှူ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 1, 2020

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားကို တပ်ချုပ် ထီးတော်တင်လှူ


မင်းဇော်မင်း
.
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထီတော်အသစ် တင်လှူခဲ့သည်ဟု သိရသည်။
.
.
ထီးလိုမင်းလိုဘုရားမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြန်လည်ပြုပြင်မွမ်းမံပြီး ထီးတော်အသစ် တင်လှူခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထီးလိုမင်းလိုဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခြင်း၊ အထက်ဌာပနာတော် သွင်းခြင်း၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာမင်္ဂလာ အခမ်းအနား တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ  ဗန်းမော်ဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် ဒုသမ္မတဟောင်း ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် ကာကွယ်ရေးဦးစီး ချုပ် (လေ)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ၊နှင့် ဇနီးများ၊ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ထီးလိုမင်းလို ဘုရားကြီးကို အေဒီ ၁၂ ရာစုတွင် နရပတိစည်သူမင်း၏ ထီးလိုမင်းလို မင်းမှ တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်ပြီး ဘုရားအမှတ် ၁၈၁၂ ဖြစ်ကာ ဘုရားကျောက်စာမှာ ပုဂံပြတိုက်တွင် ကျောက်စာတိုင် ၅၀ ဖြစ်ကြောင်း သိရသည်။
.
 သားတော် ၅ ဦးရှိသည့်အနက် အငယ်ဆုံးသားတော်ဖြစ်သည့် ဇေယျသိင်္ခမင်းသား ကို အိမ်ရှေ့အရာပေးလိုသောကြောင့် ထီးဖြူစိုက်၍ “ထီးနန်းအမွေဆက်ခံထိုက်သော သားတော်ဘက်သို့ ထီးဖြူညွှတ် စေသတည်း” အဓိဋ္ဌာန်တိုင်တည်ရာတွင် ဇေယျသိင်္ခမင်းသားဘက်သို့ ထီးဖြူညွှတ်ခဲ့ပြီး အိမ်ရှေ့မင်းဖြစ်ခဲ့ကာ ထိုအချိန် မှစ၍ နားတောင်းများ(ဇေယျသိင်္ခ)အမည်ပျောက်ကာ ထီးလိုမင်းလို ဟု အမည်တွင်ခဲ့ခြင်း ဖြစ်ပြီး မင်းဖြစ် ချိန်တွင် ထိုဘုရားကို တည်ခဲ့သောကြောင့် ထီးလိုမင်းလိုဘုရားဟု အများက ခေါ်တွင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)