ဆီဆိုင်တွင် ပြည်ပနိုင်ငံမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများစာရင်း ကောက်ယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်တွင် ပြည်ပနိုင်ငံမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများစာရင်း ကောက်ယူ


ခွန်ရဲထွေး (ဆီဆိုင်)
.
COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် ယနေ့ မတ်လ ၂၄ ရက်က ပြည်ပနိုင်ငံမျာ၌ သွားရောက် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိ လာသည့် ရွှေ့ပြောင်းလုပ်သားများအား ကွင်းဆင်း၍ စာရင်းကောက်ယူလျက် ရှိကြောင်း သိရသည်။
.
 
.
ထိုသို့ ကွင်းဆင်းကောက်ယူရာတွင်  ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်၊ ရပ်ကျေးစာရေး ဦးစောဌေးအောင်နှင့် သက်ဆိုင်ရာနယ်မြေမှူးများတို့က ပြည်ပနိုင်ငံများမှ အလုပ်လုပ်ပြီး ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများအား သွားရောက်တွေ့ဆုံ စာရင်းကောက်ယူကာ Covid-19 နှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
.
“နေအိမ်မှာ ၁၄ ရက် နေထိုင်ဖို့နဲ့ ဘယ်သူ့ကိုမှ တွေ့ဆုံခြင်းမပြုဖို့၊ မိသားစုချင်းလည်း သီးခြားခွဲနေဖို့ စတာတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်” ဟု အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောသည်။
.
အဆိုပါ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် ယနေ့ မတ်လ ၂၄ ရက်အထိ ပြည်ပမှ ပြန်လာသူများအနေဖြင့် လာအိုနိုင်ငံမှ ၁ ဦး၊ ထိုင်းနိုင်ငံမှ ၁၅ ဦးရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats