ဟဲဟိုးတွင် ချဲထီရောင်းချသူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီး - Kanbawza Tai News

Breaking

Boxed(True/False)

Monday, March 2, 2020

ဟဲဟိုးတွင် ချဲထီရောင်းချသူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် မတ်လ ၁ ရက်၊ နံနက်ပိုင်းက ချဲထီရောင်းချသူ အမျိုးသမီး တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
.
ဟဲဟိုးမြို့၊ အမှတ် (၃) ရပ်ကွက်တွင် ချဲထီလောင်းကစား ပြုလုပ်နေကြာင်း သတင်းအရ ဟဲဟိုးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကိုကိုဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မတ်လ ၁ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က အဆိုပါရပ်ကွက်ရှိ ဒေါ်ခင်မာထွေး၏ နေအိမ်အား လောင်းကစားနေအိမ်ရှာဖွေခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ ဒေါ်ခင်မာထွေးအား နေအိမ် ဧည့်ခန်းတွင် အသင့်တွေ့ရပြီး ၎င်းဝတ်ဆင်ထားသည့် ခရမ်း/ဖြူ စပ်ကြား လုံခြည် အတွင်းမှ ချဲထီဂဏန်းနှင့် ငွေတန်ဖိုးများ ရေးထားသည့် လယ်ဂျာစာအုပ် တစ်အုပ်၊ ချဲထီဂဏန်းများ ရေးသား ထားသည့် လယ်ဂျာစာအုပ် တစ်အုပ်၊ နေအိမ်ရှေ့ခန်း ကြမ်းပြင်ပေါ်တွင် ချထားသည့် ပအိုဝ်းစာတမ်းပါ လွယ်အိတ် အတွင်းမှ တောင်ပေါ်သား တံဆိပ်ပါ ၃ လုံး ချဲထီဂဏန်းနှင့် ငွေတန်ဖိုးများ ရေးသားအသုံးပြု ထားသည့် ဘောက်ချာ လက်ခံစာရွက် ၄၀ ရွက်ပါ ဘောက်ချာစာအုပ် တစ်အုပ်၊ ငွေသား ၁၉၁၀၀ ကျပ်တို့အား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ချဲထီလောင်းကစား ပြုလုပ်သည့် ပစ္စည်းများနှင့်အတူ လက်ဝယ်တွေ့ရှိခဲ့သည့် ဒေါ်ခင်မာထွေးအား ဟဲဟိုးနယ်မြေရဲစခန်းမှ (ပ)၂၀/၂၀၂၀၊ ၂၀၁၉ ခုနှစ်၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)