ကျောက်မဲမှ မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း မူဆယ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမှ မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း မူဆယ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်နှင့် ဆင်ဖြူအိမ်ယာအကြား မြေကွက်လပ်တွင် မတ်လ ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ဘက်ဟိုးကားဖြင့် မြေဖို့နေသော ကျောက်မဲမြို့နယ်မှ ယခင် မိုင်းတင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုင်းစိုးမောင် အား အမည်မသိ သေနတ်သမား ၃ ဦးက သေနတ်ဖြင့် လာရောက် ပစ်ခတ်သဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း မူဆယ်အခြေစိုက် ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းထံက သိရသည်။
.
“ မြေညှိနေတဲ့ သူကို ပစ်ခံရတာပါ၊ ခေါင်းနဲ့နောက်ကျောမှာ ပစ်ခံရလို့ ဆေးရုံပို့ပြီး ဆေးရုံမှာပဲ ဆုံးသွားတယ်။” ဟု သေနတ်ထိ မှန်သူကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ဦးသောင်းထွန်းက ပြောသည်။
.
(ဓါတ်ပုံ - ဦးသောင်းထွန်း)
 
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူ ဦးစိုင်းစိုးမောင်သည် ယခင်က ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ယခုတွင် မူဆယ်ရှိ မြေကွက်လပ်အား အဖွဲ့နှင့်အတူ လာရောက် မြေဖို့ ပြုပြင်နေစဉ် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြိုနယ် မိုင်းတင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းထွန်းရင် အပါအဝင် ၃ ဦးကို ပြီးခဲ့သည့် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်က မြို့ပေါ် စားသောက်ဆိုင် တစ်ခုတွင် လည်းကောင်း၊ ဒီဇင်ဘာလ ၂၃ ရက်တွင် ယင်းကျေးရွာမှ ပြည်ခိုင်ဖြိုး ပါတီဝင် ဦးစိုင်းဌေးအောင်ကို ၎င်း၏ခြံဝန်းအတွင်း အိမ်ရှေ့တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ယင်းကျေးရွာနေ ဦးကောထို (ခ) စိုင်းအောင်ကြည်ကို နွားကျောင်းနေစဉ်တွင် လည်းကောင်း၊ အမည်မသိ လူများမှ သေနတ်ဖြင့် ပစ်သတ်မှုများ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်တွင်လည်း မိုင်းတင်းကျေးရွာ၏ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအုပ်စု စာရေးဖြစ်သူ ဦးမြင့်ဦးကြွယ်မှာလည်း အိမ်အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာ ရရှိခဲ့မှုများ ဖြစ်ပွားခဲ့သည်။
.

Journal Download

Photo of three cats