တောင်ကြီးတွင် ဖူဆယ်ဘောလုံး အခြေခံဒိုင်သင်တန်းဆင်း - Kanbawza Tai News

Breaking

Boxed(True/False)

Monday, March 2, 2020

တောင်ကြီးတွင် ဖူဆယ်ဘောလုံး အခြေခံဒိုင်သင်တန်းဆင်း


စိုင်းအောင်မြတ် (တောင်ကြီး)
.
အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ် အခြေခံသင်တန်း (၁/၂၀၂၀) ဖူဆယ်အခြေခံဒိုင်သင်တန်း (၁/၂၀၂၀) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
.
.
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ထူးခွန်ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ကာ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ကျော်သိန်း၊ ပြည်နယ် ဘော်လုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေအးပ်ခဲ့ ကြောင်း သိရသည်။
.
အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ သင်တန်းသား ၅၁ ဦး တက်ရောက် ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်အထိ ၇ ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)