မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်များမှတဆင့် နိုင်ငံခြားသားများပြည်ဝင်ခွင့်ဗီဇာဖြင့်ဝင်ရောက်မှု ယာယီပိတ်ပင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်များမှတဆင့် နိုင်ငံခြားသားများပြည်ဝင်ခွင့်ဗီဇာဖြင့်ဝင်ရောက်မှု ယာယီပိတ်ပင်


စိုင်းသိခ်သူ
.
မြန်မာနိုင်ငံရှိ နယ်စပ်စစ်ဆေးရေးဂိတ်များမှတဆင့် နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်မှုကို ယာယီပိတ်ပင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်ဟု သိရသည်။
.

.
ကိုရိုနာCOVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည့်သည့် နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေး ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ်မတ်လ ၁၉
ရက်နေ့မှစတင်၍ယာယီပိတ်ပင်တားမြစ်လိုက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
နှစ်ဘက်ဒေသခံ ပြည်သူများ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass) ဖြင့် ဝင်ရောက်ခွင့်ကိုမူ ပိတ်ပင်ခြင်း ရှိမည်မဟုတ်ဘဲ ဝင်ရောက်လာသူများကို ကိုယ်အပူချိန်တိုင်းတာမှုများ၊ ကျန်းမာရေးစိစစ်မှုများ ကိုသာ တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံသို့ သာမန်ပတ်စ်ပို့ ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှသာ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats