ပင်လောင်းမြို့နယ်တွင် နေအိမ် ၂ လုံး မီးလောင် ဆုံးရှုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းမြို့နယ်တွင် နေအိမ် ၂ လုံး မီးလောင် ဆုံးရှုံး


ခွန်အောင်(နောင်တရား)
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းပုလင်းကျေးရွာအုပ်စု၊ နောင်ကောက်အနောက် ကျေးရွာ၌ ယနေ့ (မတ်လ ၁၈ ရက်) နံနက် ၁၁ နာရီကျော်ခန့်တွင် နေအိမ် ၂ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.

နောင်ကောက်အနောက် ကျေးရွာရှိ မောင်ဝိုင်း ပိုင်ဆိုင်သည့် ခြေတံရှည် ဝါးအိမ် အပေါ်ထပ်ရှိ မီးဖို ထားရှိရာ မီးဖိုချောင် မီးကြွင်းမီးကျန်မှ တဆင့် မီးစတင် လောင်ကျွမ်းခြင်းဖြစ်ပြီး ယင်းနေအိမ် တစ်ခုလုံး လောင်ကျွမ်းကာ မြောက်ဘက် ကပ်လျက်ရှိ ဒေါ်မငယ် ပိုင်ဆိုင်သည့် နေအိမ်(ဝါးအိမ်) ကိုလည်း မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ၃၇၅၀၀၀ ကျပ်ခန့် ဖြစ်ပြီး လူ၊ တရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
.
မီးလောင်မှုအား ဒေသခံ ပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက မီးသတ်ယာဉ် တစ်စီးနှင့် အတူ ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats