ရှမ်းပြည်နယ်တောင်ပိုင်း၊
ပင်လုံမြို့၊ ရပ်ကွက်(၂)၌ ယနေ့ (မတ်လ ၂၉ ရက်)၊ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင်း
နေအိမ် ၂ လုံး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
.
“ လောလောဆယ် အိမ်
၂ လုံးတော့ ကုန်သွားပြီ၊ ထိခိုက်တာတော့ မတွေ့ရဘူးပဲ။ မီးသတ်က မီးငြှိမ်းနေပါတယ်။” ဟု
မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မီးလောင်ကျွမ်းရသည့်
အခြေအနေအား စစ်ဆေးနေဆဲ ဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း ပင်လုံမြို့တွင်
မီးလောင်ကျွမ်းမှုကြောင့် ရဲစခန်း ဝန်ထမ်းအိမ်ရာများ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
No comments:
Post a Comment