ကွတ်ခိုင်မြို့နယ်တွင် လူ ၂၀ ခန့် သေဆုံးသည်ဆိုခြင်းမှာ သတင်းအမှားသာ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကွတ်ခိုင်မြို့နယ်တွင် လူ ၂၀ ခန့် သေဆုံးသည်ဆိုခြင်းမှာ သတင်းအမှားသာ ဖြစ်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်တပ်ကျေးရွာတွင် တစ်ပတ်အတွင်း လူ ၂၀ ခန့် သေဆုံးခဲ့သည်ဆိုခြင်းမှာ  သတင်းအမှားသာ ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
.
ကွတ်ခိုင်မြို့နယ်ထဲက တိုက်နယ်ဆရာဝန် တစ်ယောက်နဲ့ မြို့နယ် ဆေးရုံက လက်ထောက်ဆရာဝန် ဦးဆောင်တဲ့ အဖွဲ့က တခြားဌာနတွေနဲ့ ကွင်းဆင်းပြီး စစ်လိုက်တယ်။ ရွာမှာက ဒီ တစ်လ အတွင်းမှာ အသက် ၉၀ အရွယ် အဖိုး တစ်ယောက်က လူကြီးရောဂါနဲ့ ဆုံးတာပဲ ရှိတယ်။ ကျန်တာက တစ်ရွာလုံးမှာ သေတဲ့သူ မရှိဘူး။ ဖျားတဲ့သူလည်း မရှိပါဘူး။ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ အတည်ပြု ပေးခဲ့သည်။
.

ကွတ်ခိုင်မြို့နယ်၊ မန်တပ်ကျေးရွာတွင် တစ်ပတ်အတွင်း  လူ ၂၀ ခန့် သေဆုံးကြောင်း လူမှုကွန်ရက်ပေါ်တွင် သတင်းအမှားများ ပြန့်နှံ့နေမှုကို ရှမ်းပြည်နယ် အစိုးရ၏ ညွှန်ကြားချက်ဖြင့် ကျန်းမာရေးဌာန ဝန်ထမ်းများမှ  အခြား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေး၍ အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
.
မန်တပ်ကျေးရွာတွင် လူဦးရေ ၇၅၀ ခန့် နေထိုင်ပြီး စိစစ်ဆဲ ရောဂါ တစ်ခုကြောင့် မတ်လ ၁၃ ရက်မှ ၂၀ ရက်အထိ သေဆုံးသူ ၂၀ ဦးခန့် ရှိနေပြီး ဒေသခံများမှာ အခြားကျေးရွာများသို့ တိမ်းရှောင်နေသည်ဟု သတင်း အမှားများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

Journal Download

Photo of three cats