ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်း တုံမြို့တွင် ထိုင်းဘတ်ငွေနှင့် တရုတ် ယွမ်ငွေစျေးနှုန်း မတည်ငြိမ်ခြင်းနှင့်
ရွှေစျေးနှုန်း အတက်အကျ မြင့်မား နေသဖြင့် အရောင်းအဝယ် ပြုလုပ် ရာတွင်
အရှုံးပေါ်မည်ကို စိုးရိမ်နေရ သည်ဟု ကျိုင်းတုံမြို့မစျေးအတွင်း
အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင် နေသူများထံက သိရသည်။
.
.
ကျိုင်းတုံမြို့ရှိ
ငွေလဲလှယ်ရေး စျေးကွက်တွင် မတ်လ ၁၂ ရက်က ထိုင်းနိုင်ငံသုံး ဘတ်ငွေမှာ ၁ ဘတ် လျှင်
၄၂ ကျပ် ပေါက်စျေးရှိပြီး တရုတ် ယွမ်ငွေစျေးမှာ တစ်ယွမ်လျှင် ၁၉၀ ကျပ်ရှိကြောင်း
သိရသည်။
“တရုတ်ငွေနဲ့
ထိုင်းငွေကို ဝယ် စုထားသူတွေ အထိနာပြီး လက်ရှိမှာ ငွေအရောင်းအဝယ် လုပ်ရတာ စျေး
မငြိမ် တော့ အရှုံးတွေ့မှာကို ကြောက် နေရပါတယ်”ဟု ကျိုင်းတုံမြို့မစျေး ကြီးအတွင်း
ငွေလဲလှယ်ရေး လုပ် ငန်း လုပ်ကိုင်သူ တစ်ဦးက ကမေ႓ာဇ တိုင်းသို့ ပြောသည်။
.
“ရွှေအရောင်းအဝယ်မှာ
ဝယ် စျေးနဲ့ ရောင်းစျေးကို ဟ ထားရပါ တယ်။ အရင်က စျေးအတက်အကျ ဖြစ်ခဲ့တယ်ဆိုတာ
ရွှေတစ်ကျပ်သား ကိုမှ ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် လောက်ကြားမှာ ခပ်ပါးပါးနဲ့ ဖြည်း
ဖြည်းပဲ စျေး အတက်အကျ ရှိတယ်။ အခုက အတက်အကျ ကြမ်းတယ်။ စိုးရိမ်စရာ ဖြစ်နေတယ်”ဟု
ကျိုင်းတုံ မြို့ရှိ ရွှေလုပ်ငန်းရှင် ဦးကျော်စွာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ်နိုင်ငံ၊
ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် လတ်တလော အသက်ရှူ လမ်း ကြောင်းဆိုင်ရာရောဂါ
ကိုရိုနာဗိုင်း ရပ်စ် (COVID-19) ကူးစက်မှုကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ မတည် မငြိမ် ဖြစ်ပေါ်နေပြီး
ကမ္ဘာ့ရေနံစျေး နှင့် စတော့ရှယ်ယာ ငွေကြေးစျေး ကွက်အချို့တွင် စျေးနှုန်းကျဆင်းနေ
ကာ မြန်မာနို်င်ငံ ဗဟိုဘဏ်မှလည်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်၍ အတိုးနှုန်းများကို
လျှော့ချပြင်ဆင် ကြောင်း ညွှန်ကြားချက်ထုတ်ပြန် ထားသည်။
.