ထက်တိုင်းကျော်
.
လက်ရှိ
ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 အား ထိန်းချုပ်နိုင်ရန်အတွက် မတ်လ ၂၃ ရက်တွင် စတင်ဖြေဆိုနေသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့်
မတ်လ ၃၀ ရက်၌ ဖြေဆိုမည့် ပါဠိပထမပြန် စာမေးပွဲများကို ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်ကြောင်း
သိရသည်။
.
ရန်ကုန်မြို့တွင်
မတ်လ ၂၄ ရက်က ပြုလုပ်သည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (တတိယအဖွဲ့ခွဲ)၏ ပထမအကြိမ်
ဒုတိယ အထူးအစည်းအဝေးမှ နိုင်ငံတစ်ဝန်းတွင် ကျင်းပသည့် စာမေးပွဲများကို COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရက်ရွှေ့ဆိုင်ရန်
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
"ကျိုင်းတုံမှာ
ပြုလုပ်နေတဲ့ အစိုးရဓမ္မာစရိစာမေးပွဲကို ပိတ်လိုက်ပြီဖြစ်ပါတယ်။ တာချီလိတ်နဲ့ ကျိုင်းတုံမှာ
စာဖြေဌာန ၂ ခုနဲ့ လုပ်ဖို့ စီစဉ်ထားတဲ့ ပါဠိပထမပြန်စာမေးပွဲလည်း ရက် ရွှေ့တဲ့ထဲ ပါသွားပါတယ်။"ဟု
ကျိုင်းတုံမြို့ရှိ တွဲဘက် ပြည်နယ်သာသနာရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးချစ်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုင်ငံတော်တော်
သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန် ကြေညာချက်တွင် ယဉ်ကျေးလိမ္မာသင်တန်း၊ ဓမ္မစကူးလ်သင်တန်းနှင့်
စာမေးပွဲများ စသည့် လူစုလူဝေးဖြင့် ပြုလုပ်သည့် ဘာသာရေး ဆိုင်ရာပွဲများ အခမ်းအနားများကိုလည်း
ဆောင်ရွက်ခြင်း မပြုလုပ်ရန် ဖော်ပြထားသည်။
.
ရှမ်းပြည်နယ်နှင့်
မြန်မာနိုင်ငံ ဒေသအချို့တွင် အလှူခံမဏ္ဍပ်များ ထားရှိ၍ အလှူခံနေခြင်းမှာ အနယ်နယ် အရပ်ရပ်က
ရောက်ရှိလာနိုင်သည့် ရောဂါပိုးကို လက်ခံနေသကဲ့သို့ ဖြစ်ခြင်းကြောင့် အရေးပေါ် ရပ်နားထားသင့်သည်ဟု
ဝေဖန်မှုများလည်း ရှိနေသည်။