COVID-19 ကာကွယ်၊
ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် KBZ Bank နှင့် KBZ
MS General Insurance တို့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကနဦး မ,တည် လှူဒါန်းမှုအဖြစ် ကျပ်သိန်း ၁၀၀၀ ကို ပေးအပ် လှူဒါန်းသွားမည်
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကနဦး မ,တည်လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀၀ အား သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ
အသီးသီးရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် အရေးပေါ် လိုအပ်သော ဆေးဝါး၊ အကာအကွယ်၊ အထောက်အကူပြု
ပစ္စည်းများနှင့် အခြား လိုအပ်မှုများ ကြိုတင် ပြင်ဆင်နိုင်ရန်နှင့် COVID-19 သံသယနှင့် ကူးစက်ခံရသော လူနာများ ရှိလာပါကလည်း
လိုအပ်သော အရံအတား ပစ္စည်းများ အချိန်မီ ဝယ်ယူြ ဖည့်တင်းနိုင်ရန်အတွက် ရည်ရွယ် လှူဒါန်းခြင်း
ဖြစ်ကြောင်း သိရသည်။
.
KBZ
Bank နှင့်
KBZ MS General Insurance တို့၏ လှူဒါန်းငွေများကို
Escrow Account အတွင်း ထည့်သွင်း
လှူဒါန်းသွားမည် ဖြစ်သည်။
.
COVID-19 ကာကွယ်၊
ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအတွက် ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာနသို့
အလှူရှင် အသီးသီးတို့မှ ကျပ်သန်း ၈၀၀၀ ကျော် တန်ဖိုးရှိ အလှူငွေနှင့် အလှူပစ္စည်းများကို
လှူဒါန်းထားကြောင်း ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။