COVID-19 ကြိုတင်ကာကွယ်သော အနေဖြင့် တပ်မတော်က ဘုန်းတော်ကြီးကျောင်းများတွင် ပိုးသတ်ဆေး ဖျန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကြိုတင်ကာကွယ်သော အနေဖြင့် တပ်မတော်က ဘုန်းတော်ကြီးကျောင်းများတွင် ပိုးသတ်ဆေး ဖျန်း

စိုင်းရာဇာ
.
COVID-19 ရောဂါကို ကြိုတင်ကာကွယ်သော အနေဖြင့် တောင်ကြီးမြို့ရှိ  ဘုန်းတော်ကြီးကျောင်းများတွင် တပ်မ‌တော်က ပိုးသတ်ဆေး ပက်ဖျန်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ အောင်မြေဘုံစံ သာမဏေကျော် ကျောင်းတိုက်၌ ယနေ့ (မတ်လ ၃၁ ရက်)တွင် တပ်မ‌တော်က ပိုးသတ်ဆေး ပက်ဖျန်းမှုများ ပြုလုပ်ပေးခဲ့သည့် အပြင် အနီးပတ်ဝန်းကျင်ရှိ သံဃာတော်များအား ကျန်းမာရေး စောက်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းလည်း သိရသည်။
.

တပ်မတော်အနေဖြင့် COVID-19  ကြိုတင် ကာကွယ်ရေးအတွက် ဗုဒ္ဓဘာသာ အဆောက်အအုံများ အပြင် အခြားသော ဘာသာရေး အဆောက်အအုံများကိုလည်း ပိုးသတ်ဆေး ပက်ဖျန်းနေလျက် ရှိကြောင်း သိရသည်။
.
ကမ္ဘာ့ထိပ်တန်း နိုင်ငံများ ဖြစ်သော အမေရိကန်နှင့် အီတလီတို့ကဲ့သို့ နိုင်ငံများတွင်ပင် ကူးစက်မှုနှင့် သေဆုံးမှုနှုန်း မြင့်မားစွာ ဖြစ်ပေါ်နေကြောင်း၊ နိုင်ငံတွင် တပ်မတော် တစ်ရပ်တည်း ရပ်တည်၍ မရဘဲ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည် ဖြစ်ရာ အများပြည်သူနှင့် သက်ဆိုင်သော နေရာများကို ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မတ်လ ၃၀ ရက်တွင် ပြောဆိုခဲ့သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
.

Journal Download

Photo of three cats