COVID-19 နှင့် ပတ်သက်၍ ရှမ်းပြည်နယ်
အတွင်းရှိ ဆေးရုံ ၁၄ ခုတွင် စောင့်ကြည့်လူနာ ၅၅ ဦး၊ သံသယလူနာ ၁ ဦး၊ စုစုပေါင်း
လူနာ ၅၆ ဦး ရှိခဲ့ပြီး ယင်းတို့အား ဓါတ်ခွဲ စမ်းသပ်ချက်အရ လူနာ ၄၉ ဦးတွင် ပိုး
တွေ့ရှိခြင်း မရှိဘဲ ဓါတ်ခွဲ အဖြေစောင့်ဆိုင်းဆဲလူနာ ၇ ဦး ရှိကာ ယနေ့ (မတ်လ ၂၇
ရက်)၊ နေ့လယ်ပိုင်းအထိ ပိုးတွေ့လူနာ မရှိသေးကြောင်း သိရသည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
စောင့်ကြည့်လူနာ ၃၂၂ ဦး၊ သံသယလူနာ ၂ ဦး၊ စုစုပေါင်း လူနာ ၃၂၄ ဦး ရှိခဲ့ပြီး
ပိုးတွေ့(တွေ့ရှိ) လူနာ ၅ ဦး၊ ပိုးမတွေ့လူနာ ၂၉၈ ဦး၊ ဓါတ်ခွဲ
အဖြေစောင့်ဆိုင်းဆဲလူနာ ၂၁ ဦး ရှိကြောင်း သိရသည်။