သင်္ကြန်ကာလတွင် ပြည်ပမှ ပြန်လာသော မြန်မာနိုင်ငံသားများအား သီးသန့် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သင်္ကြန်ကာလတွင် ပြည်ပမှ ပြန်လာသော မြန်မာနိုင်ငံသားများအား သီးသန့် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထား


စုလှိုင်
.
မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန် ပွဲတော်ကာလအတွင်း ပြည်ပနိုင်ငံ များမှ နေရပ်သို့ ပြန်လာသည့် မြန် မာနိုင်ငံသားများအား နေရပ်သို့ ချက် ချင်း ပြန်ခွင့်ပြုမည်မဟုတ်ဘဲ သက် ဆိုင်ရာမြို့နယ်အသီးသီးတွင် သီး သန့် စောင့်ကြည့် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
.
 
.
“တခြား နိုင်ငံတွေကနေ ပြည် ဝင်ခွင့် ပိတ်လိုက်တယ်။ သို့ပေမဲ့ တစ်ဘက်နိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ သင်္ကြန်ကာလ အတွင်း အုံနဲ့ကျင်းနဲ့ ပြန်လာနိုင်တဲ့ အတွက် နေရာထိုင်ခင်းကို ကျယ် ကျယ်ဝန်းဝန်း လုပ်ပေးဖို့ သက်ဆိုင် ရာ မြို့ နယ်တွေမှာရှိတဲ့ အားကစား ရုံ၊ ဆေးရုံ အဟောင်း၊ ဆေးစတိုအ ဟောင်းစတာတွေကို ကြိုတင်ပြင် ဆင်ထားရှိဖို့ အစည်းအဝေးမှာ ဆုံး ဖြတ်ထားပါတယ် ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန် ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
COVID-19 အဆုတ်ရောင် ရောဂါ ဖြစ်ပွားမှု မရှိစေရေးစောင့် ကြပ်ကြည့်ရှု ကာကွယ်ကုသရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို မတ်လ ၁၉ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြု လုပ်ရာ အစည်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးက ယင်းကဲ့သို့ ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာ အကျယ်ဝန်းဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး လက်ရှိ ကိုရို နာဗိုင်းရပ်စ် COVID-19 စတင် ဖြစ် ပွားရာ တရုတ်နိုင်ငံနှင့် ရှည်လျား သည့် နယ်နိမိတ် ထိစပ်မှုရှိနေသည့် အပြင် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံများနှင့် လည်း နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။
.
ထို့အပြင် လက်ရှိ COVID-19 ဖြစ်ပွားနေရာ ထိုင်းနိုင်ငံတွင်လည်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်ရှိရာ ယခုမဟာသင်္ကြန် ကာလအပြင် ရောဂါဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံတွင် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းထားသည့်အတွက် မြန်မာ နိုင်ငံသို့ အများအပြား ပြန်လည် ဝင်ရောက်လာနေကြကြောင်း သိရ သည်။
.

Journal Download

Photo of three cats