COVID 19 နဲ့ ပတ်သက်ပြီး သင်္ကာမကင်းသူတွေကို တွေ့ရင် အုပ်ချုပ်ရေးမှူးကို သတင်းပေး အကြောင်းကြားနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID 19 နဲ့ ပတ်သက်ပြီး သင်္ကာမကင်းသူတွေကို တွေ့ရင် အုပ်ချုပ်ရေးမှူးကို သတင်းပေး အကြောင်းကြားနိုင်

COVID 19 နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင်းက သင်္ကာမကင်းတဲ့ သူတွေကို တွေ့ရင် မိမိတို့ နေထိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို သတင်းပေး အကြောင်းကြားနိုင်တယ်လို့ သိရပါတယ်။
.
သံသယလူနာ တွေ့တယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်ဆင့် အကြောင်းကြားရမှာ ဖြစ်ပြီး၊ မြို့နယ်အဆင့်ကို လက်လှမ်း မမီရင် ကိုယ်နေတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို အကြောင်းကြားရမှာ ဖြစ်ကြောင်းနဲ့ အဲဒီကနေ တစ်ဆင့်ပြီး တစ်ဆင့် ဆေးရုံကို အကြောင်းကြားပြီး ဆေးရုံကနေ ထားဖို့၊ ကုသဖို့ကို ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။
.

ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ထုတ်ပြန်ချက်တွေကို ကျန်းမာရေးများနဲ့ ပတ်သက်ရင် ပြည်နယ်လူမှုရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးနေပြီး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တာကို  ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စားသုံးသူရေးရာနှင့် ဘဏ္ဍာငွေ ကိစ္စတွေကို ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်သူတွေ သတင်းအမှတ် သိရှိစေဖို့ သက်ဆိုင်ရာ မီဒီယာတွေကနေတဆင့် ထုတ်ပြန်ပေးနေတယ်လို့ သိရပါတယ်။
.
ပြည်ပနိုင်ငံတွေ ပြန်လာသူတွေကို Home Quarantine လုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပြီး ရှမ်းပြည်နယ်အနေနဲ့ကတော့ Home Quarantine ဆိုရင် လွတ်သွားနိုင်တာတွေ ရှိလို့ Facalities Quarantine ကို ဦးစားပေး လုပ်နေပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတွေက စာသင်ကျောင်းတွေမှာ Quarantine လုပ်မှာ ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေက တစ်ခါသုံး အထုပ်ပိုးနဲ့ စားစရာတွေ လာပို့လို့ ရတဲ့အပြင် လာ ပို့ဖို့ အဆင်မပြေရင် အစိုးရက လိုအပ်တဲ့ စားသောက်ရေးအတွက် ရှမ်းပြည်နယ်အစိုးရက ထောက်ပံ့ပေးသွားမယ်လို့ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။
.
COVID 19 နှင့် ပတ်သက်ပြီး မြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်တဲ့ အဖွဲ့က ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို လော်စပီကာနဲ့ လိုက်လံဆော်သြတာတွေ ပြုလုပ်ဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားထားပေမဲ့လည်း တချို့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက လုပ်ဆောင်မှု မရှိဘဲ ရှိနေကြတာမို့ လူထုအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Journal Download

Photo of three cats