မင်းဇော်မင်း
.
ကိုရိုနာ (COVID-19) သံသယလူနာ တွေ့ရှိ၍ ချက်ခြင်းအကြောင်းမကြားဘဲ
ဖုံးကွယ်ထားပါက ၁၉၉၅ ခုနှစ်၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနှင့် ၂၀၁၁ ခုနှစ်
ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေ များအရ ဒဏ်ငွေ ငွေကျပ် ၅၀၀၀၀ သို့မဟုတ် ထောင်ဒဏ်
၆ လ ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊
ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောဆိုခဲ့သည်။
.
.
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ်
(COVID-19) နှင့် ပတ်သက်သည့် ဆွေး နွေးပွဲကို မတ်လ ၁၃ ရက်၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံဆရာဝန်များအသင်းတိုက်တွင်
ကျင်းပရာ ဆွေးနွေးပွဲတွင် ဒေါက်တာခင်ခင်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီရောဂါက ကိုယ့်ဘာသာကိုယ်စစ်ပြီး ကိုယ့်ဘာသာကိုယ် ကုလို့ရတဲ့ရောဂါမဟုတ်ဘူး။
ဒီရောဂါကို တိုင်ကြား ရမယ့်ရောဂါအဖြစ် အမိန့်စာလည်း ထုတ်ထားပြီးပြီ။ ဖုံးကွယ်ထားလို့
မရဘူး။ ဖုံးကွယ်ထားတယ်လို့ သိရှိရင်တော့ ကူး စက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူရပါမယ်။
အခုလက်ရှိ ကျင့်သုံးနေတာက ၁၉၉၅ ခုနှစ် ကူးစက်ရော ဂါ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ ၂၀၁၁ ခုနှစ်
ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေကို သုံးနေတယ်။ ဖုံးကွယ်ထား တာကို သိရှိရင်တော့
ဒဏ်ငွေကျပ် ၅၀၀၀၀ သို့မဟုတ် ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ အရေးယူရ မယ်ဆိုပြီး
ပါရှိတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။
.
ထို့အပြင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေအသစ်ကို မကြာမီတွင်
လွှတ်တော်၌ တင်သွင်းဆွေးနွေး သွားရန်ရှိနေပြီး ယင်းဥပဒေ အတည်ပြုပြီးပါက ကူးစက်ရောဂါများကို
နိုင်နိုင်နင်းနင်း နှိမ်နင်းသွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
၂၀၁၁ ခုနှစ် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပ့ဒေအရ ကူးစက်ရောဂါ
ဖြစ်ပွားမှုရှိလျှင် အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုဝင် တစ်ဦးဦးသည် သက်ဆိုင်ရာ
ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ ချက်ခြင်းတိုင်ကြား ရမည်ဖြစ်ကြောင်း ပြဌာန်းဖော်ပြထားသည်။
.