မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊
ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကျပ်သိန်း ၁၄၀၀၀
ကျော် တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများနှင့် လူ့ အသုံးအဆောင်ပစ္စည်းများကို
ကမ္ဘောဇဘဏ်က လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့သည် မတ်လ ၁၈ ရက်မှ စတင်၍
လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်း စတင်သည့် လှူဒါန်းသောနေ့တွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ အသီးသီးရှိ ကျန်းမာရေး ဝန်ထမ်းများနှင့်
သံသယနှင့် ကူးစက်ခံရသော လူနာမျာအတွက် ကနဦး မတည်ငွေ ကျပ်သိန်း ၁၀၀၀ ကို
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။
.
ထို့အထူ ကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ဆေးရုံသုံး နှာခေါင်းစည်း
ခုရေ ၄၀၀၀၀၀ လှူဒါန်းရန်အတွက် ကမ္ဘောဇဘဏ်က တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ရာ
ရွှေလီမြို့သို့ ရောက်ရှိနေပြီး မကြာမီရက်ပိုင်းအတွင်း လှူဒါန်းသွားမည် ဖြစ်ကြောင်း
သိရသည်။
.
ပြည်တွင်းဈေးကွက်၌ ပစ္စည်းများ ရှားပါးပြတ်လပ်မှု မရှိစေရန်အတွက်
ဥရောပ အရည် အသွေးမီ ဆေးရုံသုံး ပစ္စည်းများ ဖြစ်သည့် ခေါင်းစွပ်၊ မျက်မှန်၊
နှာခေါင်းစီး၊ လက်အိပ်များ အပြည့်အစုံ ပါဝင်သည့် CE Standard PPE ဝတ်စုံ ၂၁၀၀၀နှင့်
၅၀၀ မီလီ ပါဝင်သည့် Hand Gel ဘူး ၁၀၀၀၀ တို့ကို ကမ္ဘောဇဘဏ်က တရုတ်နိုင်ငံမှ တိုက်ရိုက်
ဝယ်ယူထားပြီး အမြန်ဆုံး လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ ဆန် ၂ ပြည်၊ ဆီ ၁
ဗူး၊ ကုလားပဲ ၁ ပိသာ နှင့် ငွေကျပ် ၁ သောင်းစီ ပါသော ရိက္ခာထုပ်ပေါင်း ၁၀၀၀၀၀ ကို
အရေးပေါ်လိုအပ်လာပါက လှူဒါန်းသွားရန် ကမ္ဘောဇဘဏ်မှ အသင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
.
ကမ္ဘောဇဘဏ်သည် မတ်လ ၂၆ ရက် အထိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊
ထိန်းချုပ် ရေးလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်း ၁၄၀၀၀
ကျော် လှူဒါန်ထားပြီး ဆက်လက်၍လည်း ကမ္ဘောဇဘဏ် အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ
တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင်
လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်း သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း
သိရသည်။