ပင်းတယ​ဆေးရုံတွင် အမျိုးသားတစ်ဦးအား COVID-19 ​စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသ​နေ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, March 9, 2020

ပင်းတယ​ဆေးရုံတွင် အမျိုးသားတစ်ဦးအား COVID-19 ​စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသ​နေ

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ​ဒေသ၊ ပင်ယတယမြို့နယ် ပြည်သူ့​ဆေးရုံတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦးအား COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ​စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ​ဆေး ကုသမှု ​ပေး​နေ​ကြောင်း ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
.

" ဟုတ်တယ်၊ ဒီ​နေ့​ ​ဆေးရုံ တက်တယ်။ ​စောင့်ကြည့်လူနာလို့ သတ်မှတ် ထားပါတယ်။ ဓါတ်ခွဲ နမူနာကို ရန်ကုန် ပို့ဖို့ စီစဥ်​နေပါတယ်။" ဟု ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အမျိုးသားသည် မတ်လ ၉ ရက်တွင် တရုတ်နိုင်ငံမှ ပင်းတယမြို့သို့ ရောက်ရှိခဲ့ပြီး​နောက် ဖျားနာခဲ့သဖြင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ အဆိုပါလူနာအား စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။
.
လက်ရှိတွင် လူနာ အမျိုးသားအား သီးခြား ထားရှိ၍ ​ဆေးကုသမှုပေးလျက် ရှိပြီး ၄င်း၏ ဓါတ်ခွဲနမူနာအား ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်​​​​နေ​ကာ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရ​ကြောင်း ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။
.
မြန်မာနိုင်ငံတွင် ယ​နေ့ မတ်လ ၉ ရက်ထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ မတွေ့ရှိသေးဘဲ ​စောင့်ကြည့်လူနာ ၇၂ ဦးနှင့် သံသယလူနာ ၂ ဦး၊ စုစု​ပေါင်း ၇၄ ဦးသာ ရှိ​သေး​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)