COVID-19 နှင့် ပတ်သက်သည့် သတင်းအမှားများကို စိစစ်နိုင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ် - Kanbawza Tai News

Breaking

Boxed(True/False)

Monday, March 9, 2020

COVID-19 နှင့် ပတ်သက်သည့် သတင်းအမှားများကို စိစစ်နိုင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်


စိုင်းသိင်္ခသူ
.
UNOPS လက်အောက် ဌာနခွဲ တစ်ခုဖြစ်သည့် ACCESS TO HEALTH နှင့် ပြည်တွင်းရှိ သတင်းစာ ဆရာများသည် မတ်လ ၅ ရက်က ရန်ကုန်မြို့ရှိ ACCESS TO HEALTH ရုံးခန်းတွင် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19)နှင့် ပတ်သက်သည့် သ တင်းအမှားများကို စိစစ်နိုင်ရန် အ တွက် ဆွေးနွေးခဲ့ကြသည်ဟု သိရ သည်။
.
 
.
ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာသက်စုမွန်က လက်ရှိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19)နှင့် ပတ်သက်၍ ဌာန ၏ လုပ်ဆောင်နေမှုများကို ရှင်း လင်းဆွေးနွေးခဲ့ပြီး ACCESS TO HEALTH မှ သင်တန်းနည်းပြ ဦးစံ သာအောင်က လက်ရှိ ကမ္ဘာ တစ်ဝှမ်း တွင် ပေါ်ပေါက်နေသည့် သတင်း ကူးစက်မှု (Imfodemic) အကြောင်း အရာများကို ဆွေးနွေးခဲ့သည်။
.
“COVID-19 နဲ့ ပတ်သက်လို့ UNICEF လို အထင်ကရ အဖွဲ့အ စည်းနာမည်ကိုတောင် သုံးပြီး သ တင်းတုတွေ ဖြန့်တာ၊ မြန်မာနိုင်ငံမှာ ၄ ယောက်သေတာကို ဖုံးထားတယ် ဆိုတာ စတဲ့ သတင်းအတုတွေ၊ သ တင်းအမှားတွေကို ဘယ်လို စိစစ် နိုင်တယ်၊ အစိုးရအဖွဲ့အစည်းတွေ ကိုလည်း ဘယ်လိုထောက်ပြနိုင် တယ်ဆိုတာ ဆွေးနွေး ခဲ့ရပါတယ်။ အတု လုပ်တာ ပီပြင်လွန်းတာဆို အမှန်လို့ မြင်ပြီး ယုံကြည်မိကြမှာ ပါ။ အများပြည်သူတွေအတွက် သ တင်းဌာနကတဆင့် မှန်ကန်တဲ့ သ တင်းတွေကို ဘယ်လို စိစစ်နိုင်မ လဲဆိုတာ လေ့လာခဲ့ရပါတယ်”ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် သတင်းစာဆရာ ငြိမ်းသူမင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် နည်းပညာ၊ အခွင့်အ ရေး၊ ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် သတင်းတု၊ သတင်းမှားများကို စိစစ် မှု ပြုနေသည့် MIDO မှ သတင်း စိစစ် သူ (Fact-Checker) ဦးခန့်ဖြိုးလွင် နှင့် ဦးဉာဏ်ဝင်းရှိန်တို့က သတင်း စိစစ်မှုနည်း ပညာများအကြောင်း တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေး နွေးရာ တက်ရောက်လာသည့် သ တင်းစာဆရာများက ပြန်လည်ရှင်း လင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲကို မြန်မာ နိုင်ငံအရပ်ရပ်မှ သတင်းစာဆရာ ၁၅ ဦးတက်ရောက်ခဲ့ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)