ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မရဲစခန်းတွင်
အမှုဖြင့် ဖမ် းဆီးထိန်းသိမ်းထားသည့် အချုပ်သား တစ်ဦးကို COVID-19 စောင့်ကြည့်လူနာ
အဖြစ် သတ်မှတ်၍ မတ်လ ၃၀ ရက်တွင် ကျိုင်းတုံပြည်သူ့ ဆေးရုံ၌ သီးခြား ထားရှိ၍ စောင့်ကြပ်
ကုသမှု ပေးနေလျက် ရှိကြောင်း သိရသည်။
.
အဆိုပါ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားသည့်
အချုပ်သားနှင့် ထိတွေ့မှု ရှိခဲ့သော အခြား အချုပ်သား ၂ ဦးကို အသွားအလာ ကန့်သတ်၍ ကျိုင်းတုံပြည်သူ့ဆေးရုံတွင်
သီးခြားထားရှိကြောင်းလည်း သိရသည်။
.
“ ဆေးရုံကို ရောက်လာတဲ့ အချုပ်သား ၃ ယောက်ထဲက
စောင့်ကြည့်လူ နာ ၁ ယောက်ရဲ့ ဓါတ်ခွဲ နမူနာကို ဒီနေ့(မတ်လ ၃၁ ရက်)မှာ အမျိုးသားဓါတ်ခွဲဌာနကို
ပေးပို့ထား ပါတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ Quarantine ထားပါတယ်။" ဟု ကျိုင်းတုံပြည်သူ့ဆေးရုံမှ
ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်း က ကမ္ဘောဇတိုင်းသို့ ပြောသည် ။
.
ထို့အတူ ကျိုင်းတုံ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကလည်း “အချုပ်သားတွေ ကျန်းမာရေး မကောင်းလို့ ဆေးရုံ ပို
.
ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည့် အချုပ်သား အမျိုးသား ၁ ဦးမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ပြန်ရောက်လာပြီးနောက် မူးယစ်ဆေးဝါး အမှုဖြင့် ဖမ်းဆီးခြင် းခံရသူ
ဖြစ်ပြီး ၎င်းနှင့် ပတ်သက် ထိတွေ့ခဲ ့သူ အချုပ်သား ၂ ဦးတို့ကိုပါ ကျိုင်းတုံ ဆေးရုံသို့
ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခြင်း ဖြစ်ကြောင်း သိရသည်။
ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည့် အချုပ်သား အမျိုးသား ၁ ဦးမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ပြန်ရောက်လာပြီးနောက် မူးယစ်ဆေးဝါး အမှုဖြင့် ဖမ်းဆီးခြင်
.
ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၏
မြို့တော် ဖြစ်ပြီး တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်
ထိစပ်မှု မရှိသော်လည်း ယင်းနိုင်ငံများသို့ သွားရောက်၍ အလုပ် လုပ်ကိုင် သူများ
အသွား/အလာ ရှိသော မြို့ ဖြစ်သည်။
.