ကမ္ဘောဇတိုင်း
.
ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေသော အသက် ၆၉
နှစ်အရွယ် အမျိုးသား သည် ယနေ့ မတ်လ ၃၁ ရက်၊ နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း
သိရသည်။
.
.
မတ်လ ၂၇ ရက်၊ နံနက် ၁ နာရီ ၄၅ မိနစ် သတင်းထုတ်ပြန်ချက်တွင် ကြေညာခဲ့သော
လူနာအမှတ် ၅ သည် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် သေဆုံးသွားခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ရက်တွင်
ရေးသားထားသည်။
အဆိုပါ အမျိုးသားသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်
နေသူဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါကို ဩစတေးလျနိုင်ငံတွင် တစ်လခန့် သွားရောက်ဆေးကုသမှု
ခံယူခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ အပြန် စင်္ကာပူတွင် ၄ ရက်ခန့် နေထိုင်ခဲ့ပြီး မတ်လ
၁၄ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ မတ်လ ၁၈ ရက်မှ စတင်၍ ချောင်း ဆိုးခြင်းနှင့်
လည်ချောင်းနာခြင်း လက္ခဏာများ ခံစားရသဖြင့် မတ်လ ၂၅ ရက်မှ စတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ခန်း
တွင် စောင့်ကြပ်လူနာအဖြစ် သီးခြားထားရှိကာ ၎င်း၏ ဓါတ်ခွဲနမူနာများအား အမျိုးသားဓါတ်ခွဲခန်းသို့
ပေးပို့ခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင်
COVID-19 အတည်ပြုလူနာ ၁၄ ဦး တွေ့ရှိထားပြီး ၎င်းတို့အနက် ယခု လူနာမှာ မြန်မာနိုင်ငံတွင်
COVID-19 ရောဂါပိုးတွေ့ လူနာများတွင် ပထမဆုံး သေဆုံးမှုဖြစ်ကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အဆိုပါ ပိုးတွေ့လူနာများနှင့်
ထိတွေ့ဆက်ဆံခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်းနှင့်
အဆိုပါ ဓါတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့
ဆက်သွယ်အကြောင်းကြားစေလို ကြောင်း တိုက်တွန်းထားသည်။
.