ရှမ်းပြည်နယ် အတွင်းရှိ ဆေးရုံ ၂၂
ခုတွင် COVID-19 နှင့် ပတ်သက်၍ စောင့်ကြည့်လူနာ
၈၀ ဦး၊ သံသယလူနာ ၁ ဦး၊ စုစုပေါင်း လူနာ ၈၁ဦး ရှိပြီး ယင်းတို့အား ဓါတ်ခွဲ
စမ်းသပ်ချက်အရ လူနာ ၇၃ ဦးတွင် ပိုး တွေ့ရှိခြင်း မရှိဘဲ ဓါတ်ခွဲ
အဖြေစောင့်ဆိုင်းဆဲလူနာ ၇ ဦး ရှိကာ ပိုးတွေ့လူနာ ၁ ဦး တွေ့ရှိ (တွေ့ရှိ) ထားကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၃၀ ရက်၊ ည ၇ နာရီခွဲက ထုတ်ပြန်ထားသော
အချက်အလက်များအရ သိရသည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
စောင့်ကြည့်လူနာ ၅၁၅ ဦး၊ သံသယလူနာ ၂ ဦး၊ စုစုပေါင်း လူနာ ၅၁၇ ဦး ရှိပြီး
ပိုးတွေ့(တွေ့ရှိ) လူနာ ၁၄ ဦး၊ ပိုးမတွေ့လူနာ ၄၂၆ ဦး၊ ဓါတ်ခွဲ
အဖြေစောင့်ဆိုင်းဆဲလူနာ ၇၇ ဦး ရှိကာ ယင်းတို့အား သက်ဆိုင်ရာ ဆေးရုံများတွင်
စောင့်ကြပ်ကြည့်ရှု ကုသမှု ပေးလျက် ရှိကြောင်း သိရသည်။
.
COVID-19
အတည်ပြုလူနာ ၁၄ ဦးအနက် လူနာအမှတ် ၁၄ မှာ ကျောက်မဲဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ်
ဆေးကုသမှု ခံယူနေသော ကျောက်မဲမြို့နယ်တွင်
နေထိုင်သော အသက် ၂၄ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး
၎င်းသည် မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ၊ တာချီလိတ်သို့
ပြန်လည် ရောက်ရှိခဲ့ပြီး ၂ ညအိပ် တည်းခို၍ မတ်လ ၂၇ ရက်တွင် တာချီလိတ်မှ မန္တလေးမြို့သို့
လေယာဉ်ဖြင့် သွားရောက်ကာ ယင်းနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ
ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ပြီးနောက် မတ်လ ၂၈ ရက်တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း
လက္ခဏာများ ခံစားရသဖြင့် ကျောက်မဲဆေးရုံသို့ ပြသခဲ့ရာ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍
ဓါတ်ခွဲ နမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် လူနာအမှတ်(၈) ဖြစ်သည့် ဧည့်လမ်းညွှန်အမျိုးသမီးနှင့်
အတူ ခရီး သွားရောက်ခဲ့သည့် လူနာအမှတ် (၁၁၊ ၁၂၊ ၁၃)တို့မှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ
ကလော၊ ပင်းတယ၊ ညောင်ရွှေ၊ အင်းလေး၊ ဟဲဟိုးလေဆိပ်များသို့ ခရီးသွား ရာဇဝင် ရှိသောသူများ
ဖြစ်ကြောင်း သိရသည်။