COVID-19 နှင့် ပတ်သက်၍ ရှမ်းပြည်နယ်
အတွင်းရှိ ဆေးရုံ ၁၉ ခုတွင် စောင့်ကြည့်လူနာ ၆၄ ဦး၊ သံသယလူနာ ၁ ဦး၊ စုစုပေါင်း
လူနာ ၆၅ ဦး ရှိပြီး ယင်းတို့အား ဓါတ်ခွဲ စမ်းသပ်ချက်အရ လူနာ ၆၂ ဦးတွင် ပိုး တွေ့ရှိခြင်း
မရှိဘဲ ဓါတ်ခွဲ အဖြေစောင့်ဆိုင်းဆဲလူနာ ၄ ဦး ရှိကာ ပိုးတွေ့လူနာ မရှိသေးကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၈ ရက်၊ ည ၈ နာရီက ထုတ်ပြန်ထားသော
အချက်အလက်များအရ သိရသည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
စောင့်ကြည့်လူနာ ၄၂၈ ဦး၊ သံသယလူနာ ၂ ဦး၊ စုစုပေါင်း လူနာ ၄၃၀ ဦး ရှိပြီး
ပိုးတွေ့(တွေ့ရှိ) လူနာ ၈ ဦး၊ ပိုးမတွေ့လူနာ ၃၆၇ ဦး၊ ဓါတ်ခွဲ
အဖြေစောင့်ဆိုင်းဆဲလူနာ ၅၅ ဦး ရှိကာ ယင်းတို့အား သက်ဆိုင်ရာ ဆေးရုံများတွင်
စောင့်ကြပ်ကြည့်ရှု ကုသမှု ပေးလျက် ရှိကြောင်း သိရသည်။