COVID-19 နှင့် ပတ်သက်၍ ရှမ်းပြည်အတွင်း အခြေအနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 နှင့် ပတ်သက်၍ ရှမ်းပြည်အတွင်း အခြေအနေ

COVID-19 နှင့် ပတ်သက်၍ ရှမ်းပြည်နယ် အတွင်းရှိ ဆေးရုံ ၁၆ ခုတွင် စောင့်ကြည့်လူနာ ၅၉ ဦး၊ သံသယလူနာ ၁ ဦး၊ စုစုပေါင်း လူနာ ၆၀ ဦး ရှိပြီး ယင်းတို့အား ဓါတ်ခွဲ စမ်းသပ်ချက်အရ လူနာ ၅၂ ဦးတွင် ပိုး တွေ့ရှိခြင်း မရှိဘဲ ဓါတ်ခွဲ အဖြေစောင့်ဆိုင်းဆဲလူနာ ၈ ဦး ရှိကာ ပိုးတွေ့လူနာ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (မတ်လ ၂၈ ရက်)၊ နံနက်ပိုင်း၌ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့်လူနာ ၃၇၀ ဦး၊ သံသယလူနာ ၂ ဦး၊ စုစုပေါင်း လူနာ ၃၇၂ ဦး ရှိပြီး ပိုးတွေ့(တွေ့ရှိ) လူနာ ၈ ဦး၊ ပိုးမတွေ့လူနာ ၃၃၄ ဦး၊ ဓါတ်ခွဲ အဖြေစောင့်ဆိုင်းဆဲလူနာ ၃၀ ဦး ရှိကြောင်း သိရသည်။


Journal Download

Photo of three cats