မြန်မာနိုင်ငံ၌ COVID-19 စောင့်ကြည့်လူနာ ၂
ဦးတွင် COVID-19 ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက
ယနေ့ (မတ်လ ၂၇ ရက်)၊ နံနက် ၁ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ကြေညာခဲ့ရာ COVID-19 ဗိုင်းရပ်စ်ပိုး
တွေ့ရှိသူ စုစုပေါင်း ၅ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြု လူနာများမှာ မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး၊ အသက် ၃၃ နှစ်ရွယ် အမျိုးသားနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေ အသက် ၆၉ နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြု လူနာများမှာ မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး၊ အသက် ၃၃ နှစ်ရွယ် အမျိုးသားနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေ အသက် ၆၉ နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.
ကန်တော်နဒီဆေးရုံမှ COVID-19 အတည်ပြု လူနာသည်
အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့
မတ်လ ၁၉ ရက်၊ ညနေ ၆ နာရီတွင် Qatar Airline ဖြင့် ပြန်လည် ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင်
တစ်ည အိပ်နေထိုင်ခဲ့ကြောင်း၊ မတ်လ ၂၀ ရက်၊ ည ၁၀ နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့
ခိုင်မန္တလေး အဝေးပြေး မှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိ
နေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး မတ်လ ၂၂ ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့်
မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ ၂၅ ရက်တွင် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့
ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာ အဖြစ် သီးသန့်ခန်းတွင်
ထားရှိ၍ ကုသမှုခံယူနေသူ ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ COVID-19 အတည်ပြု လူနာသည် နှာခေါင်းကင်ဆာ ရောဂါကို ဩစတြေးလျနိုင်ငံတွင် တစ်လခန့် ဆေးကုသမှု
ခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ ၄ ရက်ခန့် နေထိုင်ခဲ့ပြီးနောက် မတ်လ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိခဲ့ပြီး ၁၈ ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း
လက္ခဏာများ ခံစားခဲ့ရသဖြင့် ၂၅ ရက်နေ့မှ စတင်ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်
သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုခံယူနေသူ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ (မတ်လ ၂၇ ရက်)၊ နံနက်အထိ
COVID-19 ပိုးတွေ့လူနာ ၅ ဦး တွေ့ရှိထားပြီး ဓါတ်ခွဲအဖြေ စောင့်ဆိုင်းဆဲလူနာ ၂၀ ဦး ရှိကာ
ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း၊
ပြည်သူလူထုအနေဖြင့် ထုတ်ပြန်ထားသောရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား
တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် ထိုင်းနိုင်ငံမှ
ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာန (သို့မဟုတ်) အနီးဆုံး
ကျန်းမာရေးဌာနသို့ ချက်ချင်း အကြောင်းကြား၍ သတ်မှတ်နေရာ အဆောက်အဦများတွင် ၁၄ ရက်ကြာ
အသွားအလာ ကန့်သတ်မှုကို လိုလားစွာ လက်ခံ ဆောင်ရွက်သွားရန် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံနှင့် နယ်မြေပေါင်း
၁၉၉ ခုတွင် COVID-19 ပိုးတွေ့လူနာ ၄၄၂၆၈၄ ဦးထိ တွေ့ရှိထားပြီး သေဆုံးသူပေါင်း ၂၀၈၃၄
ဦး ရှိကြောင်း WHO ၏ ထုတ်ပြန်ချက်များအရ သိရသည်။