စုလှိုင်
.
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် မတ်လ ၂၅ ရက် က COVID 19 ကြောင့် တရားရုံးများတွင် လူစုလူဝေးမဖြစ်စေရန် တရားစီရင်ရေး များရက် ရွေ့ဆိုင်းရန် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည် ။
.
.
"ရုံးချိန်း နည်းနည်းဝေးချိန်းကြတာပေါ့ ပြည်နယ်တိုင်းတရာရုံးတွေ ပြည်ထောင်စု တရားလွှတ်တော်ချူပ်တွေရော ရုံးချိန်းပြန်ချိန်းတာပေါ့ ပုံမှန်တစ်ပတ်ချိန်းတာ အခုဆိုရင် နှစ်ပတ်ပေါ့ တရားမကြီးတွေကတစ်ချို့ နှစ်ပတ် ချိန်းတာဟာဆိုရင် အခုဆိုရင်တစ်လ ရုံးချိန်နည်းနည်းဝေးလိုက်တာပေါ့ ရုံးမှာလူစုလူဝေးများမှာ စိုးလို့လေ” တောင်ကြီးမြို့ က တရားလွတ်တော် ရှေ့နေ တစ်ဦး က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ကမ္ဘော့တစ်ဝှမ်းတွင် ဖြစ်ပွားနေသော COVID 19 အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချူပ်ရန် ရှမ်းပြည်နယ် တရားလွတ်တော် တရားရုံးများတွင် လူစုလူဝေး များ မဖြစ်စေရန် ယင်းကဲ့သို့ တရားစီရင်မှုများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များကို ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေးရုံးမှ ထုတ်ပြန်ပေးလျက်ရှိပြီး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ စားသုံးသူရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကို ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ လည်းကောင်း ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် လက်ရှိ မတ်လ ၂၅ ရက်အထိ COVID-19 အတည်ပြုလူနာ ၃ ဦးတွေ့ရှိထားပြီး ဓါတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ ၂၂ ဦးတို့ကို သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနေသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
.

Home
COVID-19
တရားလွှတ်တော်
တောင်ကြီး
ရှမ်းတောင်သတင်းများ
COVID 19 ကြောင့် တရားရုံးများတွင် လူစုလူဝေးမဖြစ်စေရန် တရားစီရင်ရေး များရက် ရွေ့ဆိုင်း
COVID 19 ကြောင့် တရားရုံးများတွင် လူစုလူဝေးမဖြစ်စေရန် တရားစီရင်ရေး များရက် ရွေ့ဆိုင်း
Tags
# COVID-19
# တရားလွှတ်တော်
# တောင်ကြီး
# ရှမ်းတောင်သတင်းများ
Share This
About Unknown
ရှမ်းတောင်သတင်းများ