.
COVID-19 နဲ့ ပတ်သက်လို့ သံသယနဲ့ စောင့်ကြည့်လူနာတွေကို ထားရှိဖို့အတွက် ရှမ်းပြည်နယ်အတွင်းက ဆေးရုံတိုင်းမှာ ကုတင် အနည်းဆုံး ၄ ခုစီ ပြင်ဆင်ထားပြီး ရောဂါ ဖြစ်လာရင် စဝ်စံထွန်းဆေးရုံက ပြင်ဆင်ထားတဲ့ နေရာမှာ ထားမှာ ဖြစ်ကြောင်း၊ လိုအပ်တာတွေကို ဖြည့်ဆည်းပေးထားပြီး ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရက PPE အစုံ ၄၀၀၀ မှာထာကြောင်းနဲ့ တခြား လိုအပ်တာတွေကို အလှူရှင်တွေက လှူဒါန်းပေးထားတာတွေလည်း ရှိတယ်လို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။
.
အလားတူ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ ကုတင်၊ အသက်ရှူစက်နဲ့ အလှူငွေတွေကို မတ်လ ၁၉ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမမှာ အလှူရှင်တွေက လှူဒါန်းခဲ့ကြတာတွေလည်း ရှိပါတယ်။
.
မြန်မာနိုင်ငံမှာ လက်ရှိ မတ်လ ၂၅ ရက်အထိ COVID-19 အတည်ပြုလူနာ ၃ ဦးတွေ့ရှိထားပြီး ဓါတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ ၂၂ ဦးတို့ကို သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။