COVID-19 အတည်ပြု လူနာ ၂ ဦးမှာ ယနေ့ (မတ်လ ၂၄) ရက်၊ နံနက် ၉ နာရီထိ ကျန်းမာရေး ကောင်းမွန်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
.
ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံမှ အမျိုးသားမှာ အဖျား သက်သာကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်လက္ခဏာ မရှိကြောင်းနှင့် ဝေဘာဂီဆေးရုံမှ အမျိုးသားမှာ ဖျားနာခြင်း မရှိဘဲ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာမရှိကြောင်း ရေးသားထားခြင်း ဖြစ်သည်။
.
ထို့အပြင် လူနာများနှင့် ထိတွေ့မှု ရှိခဲ့သူများကို လိုက်လံ ထောက်လှမ်း painstaking contact tracing ဆောင်ရွက်နေကြောင်းကိုလည်း ရေးသားထားသည်။

COVID-19 အတည်ပြု လူနာ ၂ ဦး ကျန်းမာရေး ကောင်း နေ
Tags
# COVID-19
# ပြည်တွင်းသတင်းများ
Share This
About Unknown
ပြည်တွင်းသတင်းများ
Tags
COVID-19,
ပြည်တွင်းသတင်းများ