ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများတွင် COVID-19 နှင့် ပတ်သက်၍ သံသယနှင့် စောင့်ကြည့်လူနာများ ထားရှိရန် ကုတင် ၄ လုံးစီ ထားရှိပြင်ဆင်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, March 23, 2020

ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများတွင် COVID-19 နှင့် ပတ်သက်၍ သံသယနှင့် စောင့်ကြည့်လူနာများ ထားရှိရန် ကုတင် ၄ လုံးစီ ထားရှိပြင်ဆင်ထား


စိုင်းရာဇာ
.
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 သံသယနှင့် စောင့်ကြည့်လူနာများအတွက် ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံတိုင်းတွင် လူနာကုတင် ၄ လုံးစီ အရန်အသင့် ထားရှိထားကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောဆိုခဲ့သည်။
.
 
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်း အထွေထွေရောဂါကုဆေးရုံကြီး၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ မတ်လ ၁၇ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှုစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
COVID-19 နဲ့ ပတ်သက်လို့ သံသယနဲ့ စောင့်ကြည့်လူနာတွေကို ထားရှိဖို့အတွက် ဆေးရုံတိုင်းမှာ အနည်းဆုံး ကုတင် ၄ ခုစီ ပြင်ဆင်ထားပါတယ်။ ရောဂါဖြစ်လာရင်တော့ ဒီ စဝ်စံထွန်းဆေးရုံက ပြင်ဆင်ထားတဲ့နေရာမှာ ထားမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနကလည်း လိုအပ်တာတွေ ဖြည့်ဆည်းပေးထားပြီးပါပြီ။ အကယ်၍ ဖြစ်လာခဲ့ရင် အဲဒီပစ္စည်း တွေနဲ့ မလုံလောက်တဲ့အတွက် ပြည်နယ်အစိုးရကနေ PPE အစုံ ၄၀၀၀ မှာထားပါတယ်။ တခြား လိုအပ်တာတွေကို အလှူရှင်တွေက လှူဒါန်းပေးထားတာတွေလည်း ရှိပါတယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည် နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ ကြကြောင်း သိရသည်။
.
အလားတူ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် ကုတင်၊ အသက်ရှူစက်နှင့် အလှူငွေများကို မတ်လ ၁၉ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမတွင် အလှူရှင်များက လှူဒါန်းခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About