ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကွယ်လွန်ခဲ့သည့် မိုင်းဖြတ်မြို့နယ်မှ အမျိုးသားတွင် COVID-19 ပိုး မတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ(မတ်လ ၂၀ ရက်)၊ ည ၉ နာရီခွဲတွင် ထုတ်ပြန်ခဲ့သည်။
.
ထို့အတူ မိုင်းယောင်းဆေးရုံနှင့် တာချီလိတ် ဆေးရုံတို့၌ ဆေးကုသမှု ခံယူနေသည့် အမျိုးသား ၂ ဦး အပါအဝင် စုစုပေါင်း လူနာ ၁၉ ဦးတွင် COVID-19 ပိုး မတွေ့ရှိကြောင်း ကိုလည်း ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 နှင့် ပတ်သက်၍ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းနောင် ဆေးရုံ၌ ကွယ်လွန် သွားခဲ့သော ကျေးသီးမြို့နယ်မှ အမျိုးသမီး အပါအဝင် စောင့်ကြည့်လူနာ ၁၇ ဦး ရှိကြောင်း သိရသည်။

Home
ကျိုင်းတုံ
တာချီလိတ်
မိုင်းဖြတ်
ရှမ်းရှေ့သတင်းများ
ကျိုင်းတုံဆေးရုံ၌ ကွယ်လွန်ခဲ့သည့် အမျိုးသားတွင် COVID-19 ပိုး မတွေ့ကြောင်း ထုတ်ပြန်
ကျိုင်းတုံဆေးရုံ၌ ကွယ်လွန်ခဲ့သည့် အမျိုးသားတွင် COVID-19 ပိုး မတွေ့ကြောင်း ထုတ်ပြန်
Tags
# ကျိုင်းတုံ
# တာချီလိတ်
# မိုင်းဖြတ်
# ရှမ်းရှေ့သတင်းများ
Share This
About Unknown
ရှမ်းရှေ့သတင်းများ