​ကျေးသီးမြို့နယ်မှ COVID-19 ​စောင့်ကြည့်လူနာ မိုင်း​နောင်​ဆေးရုံ၌ ကွယ်လွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​ကျေးသီးမြို့နယ်မှ COVID-19 ​စောင့်ကြည့်လူနာ မိုင်း​နောင်​ဆေးရုံ၌ ကွယ်လွန်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် နေထိုင်သော အသက် ၄၁ နှစ် အရွယ် COVID-19 ​စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားသည့် အမျိုးသမီးသည် ယ​​နေ့ (မတ်လ ၂၀ ရက်)တွင် မိုင်း​နောင် ​ဆေးရုံ၌ ကွယ်လွန် သွားခဲ့​​ကြောင်း သိရသည်။
.
ကွယ်လွန်သူ အမျိုးသမီးသည် မတ်လ ၅ ရက်မှ စတင်ကာ ချောင်းဆိုးခြင်း၊ မောပန်းခြင်းစသည့် ရောဂါ လက္ခဏာများ ခံစားခဲ့ရသဖြင့် မိုင်းနောင်တိုက်နယ် ပြည်သူ့ဆေးရုံသို့ ၁၉ ရက်တွင် ပြသခဲ့ရာ လူနာမှာ လွန်ခဲ့သော ၂ ပတ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ကုသမှုများ ​ပေးကာ ဓာတ်ခွဲနမူနာ ရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်နေစဥ် ကွယ်လွန် သွားခြင်း ဖြစ်​ကြောင်း ကျန်းမာ​ရေးနှင့် အားကစား ​ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
အဆိုပါ လူနာ သေဆုံးရသော အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် နာတာရှည်ရောဂါ အခံ ဖြစ်သော ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးရခြင်း ဖြစ်​ကြောင်းကိုလည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
ကျိုင်းတုံ ​ဆေးရုံ၌ မတ်လ ၁၇ ရက်က ​ကွယ်လွန်ခဲ့သည့် မိုင်းဖြတ်မြို့နယ်မှ COVID-19 ​စောင့်ကြည့်လူနာ၏ ဓါတ်ခွဲအ​ဖြေကိုလည်း ယ​နေ့အချိန်ထိ ထုတ်ပြန်​သေးခြင်း မရှိ​သေး​ချေ။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ မရှိ​သေးဘဲ စောင့်ကြည့်လူနာ ၂၉ ဦးကို သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက် ရှိ​နေ​​ကြောင်းနှင့် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက် ရှိ​ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


Journal Download

Photo of three cats