COVID-19 ထိန်းချုပ်နိုင်ရေးအတွက် အိန္ဒိယမှ ပြည်ဝင်ခွင့်ပိတ်ပင်သဖြင့် ဗုဒ္ဓဂါယာရောက် မြန်မာဘုရားဖူးများ ပြန်ခေါ်ရန် စီစဉ် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 13, 2020

COVID-19 ထိန်းချုပ်နိုင်ရေးအတွက် အိန္ဒိယမှ ပြည်ဝင်ခွင့်ပိတ်ပင်သဖြင့် ဗုဒ္ဓဂါယာရောက် မြန်မာဘုရားဖူးများ ပြန်ခေါ်ရန် စီစဉ်


မင်းဇော်မင်း
.
ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဖြစ်ပွားနေသည့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ထိန်းချုပ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သဖြင့် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရောက်နေသည့် မြန်မာဘုရားဖူးများအား ပြန်လည်ခေါ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကော်မတီမှ မတ်လ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
 
.
“သူတို့က ဝင်ခွင့်သာပိတ်တာ၊ ထွက်ခွင့်မပိတ်ဘူး။ ပြီးတော့ သာမန်ပတ်စပို့ပဲ ပိတ်တာ၊ လေကြောင်းကလည်း သွားနေဆဲပဲ။ အိန္ဒိယနိုင်ငံထဲ ရောက်နေတဲ့ ဘုရားဖူးတွေ ထောင်ချီရှိနေတယ်။ နီပေါလ်ကနေ မတ်လ ၁၂ ရက်မှာ အိန္ဒိယထဲ ပြန်ဝင်လာဖို့ အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီဂ အကြောင်းကြားရတာပါ။ အိန္ဒိယကောင်စစ်ဝန်ရဲ့ အတည်ပြုချက်အရ ပြန်ခေါ်ဖို့လဲ စင်းလုံးငှားလေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းနေပါတယ်။ အးလုံးအဆင်ပြေအောင်၊ မနစ်နာစေရအောင် အစည်းအဝေးခေါ တိုင်ပင်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောသည်။
.
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များသည် နှစ်စဉ် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ ဒေသများသို့ ဘုရားဖူးခရီး သွားရောက်လေ့ရှိကြကြောင်း သိရသည်။
.
အိန္ဒိယနိုင်ငံတွင် ယနေ့ မတ်လ ၁၃ ရက်၊ နံနက်ပိုင်းအထိ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 ကူးစက်ခံရသူ ၇၄ ဦး၊ သေဆုံးသူ ၁ ဦးနှင့် ပြန်လည်သက်သာလာသူ ၄ ဦး ရှိလာကပြီဖြစ်ပြီး နီပေါလ်နိုင်ငံတွင် ရောဂါအတည်ပြုဖြစ်ပွားသူ ၁ ဦး ရှိခဲ့ပြီး ယင်းလူနာမှာ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)