ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် အီတလီတွင် တစ်နိုင်ငံလုံး ပိတ်ဆို့ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် အီတလီတွင် တစ်နိုင်ငံလုံး ပိတ်ဆို့


မင်းဇော်မင်း
.
ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါကြောင့် အီတလီနိုင်ငံတွင် တရုတ်ပြင်ပ၌ သေဆုံးမှု အများဆုံး ဖြစ်လာနေသည့် အတွက် တစ်နိုင်ငံလုံး ပိတ်ဆို့လိုက်ကြောင်း အီတလီဝန်ကြီးချုပ်က ကြေညာခဲ့သည်။
.
 
.
အီတလီနိုင်ငံ၏ မြောက်ပိုင်းဒေသများကို မတ်လ ၉ ရက်မှ စတင်၍ အနီရောင်ဇုန် သတ်မှတ်ခဲ့ပြီးနောက် မတ်လ ၁၀ ရက်တွင် တစ်နိုင်ငံလုံးကို Lockdown ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အခုကြေညာမှာကို အတိုချုံး ပြောရမယ်ဆိုရင်တော့ ခုချိန်ကစပြီး ကျွန်တော် အိမ်မှာပဲ နေပါတော့မယ်” ဟု အီတလီ ဝန်ကြီးချုပ် Giuseppe Conte က ပြောဆိုခဲ့သည်။
.
အီတလီနိုင်ငံသားအားလုံး နေအိမ်တွင်သာ နေထိုင်ကြရန်၊ ဘောလုံးပွဲ အပါအဝင် လူစုလူဝေးများ မလုပ်ကြရန် တားမြစ်လိုက်ခြင်းဖြစ်ပြီး မိသားစုဝင်များအနေဖြင့် အရေးပေါ်ကိစ္စရှိမှာသာလျှင် သက်ဆိုင်ရာ ခွင့်ပြချုက်ရယူပြီး ခရီးသွားလာခွင့် ရမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ပွဲလမ်းသဘင်များ၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ အားကစားရုံ၊ ဘားများနှင့် ကလပ်များ၊ မင်္ဂလာဆောင်ပွဲများ၊ ဘာသာရေးပွဲများ၊ ဈာပနအခမ်းအနားများ မပြုလုပ်ကြရန် အမိန့်ဒီဂရီကို သက်ဆိုင်ရာ အာဏာပိုင်များထံ အပ်နှင်း လိုက်ပြီး စားသောက်ဆိုင်များအနေဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖွင့်ခွင့်ပြုမည်ဖြစ်ကာ ယခု Lockdown ပြုလုပ်ခြင်းသည် ဧပြီလ ၃ ရက်အထိဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
.
အီတလီနိုင်ငံသည် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ပြီး မတ်လ  ၁၂ ရက်၊ နေ့လယ်ပိုင်းအထိ အတည်ပြုလူနာ ၁၂၄၆၂ ဦး သေဆုံးသူ ၈၂၇ ဦး ရှိခဲ့ပြီး သေဆုံးမှုနှုန်း ရာခိုင် နှုန်းကျော် ရှိလာခဲ့သဖြင့် အခြေအနေဆိုးရွာလာမှုကို ကန့်သတ်ထိန်းချုပ်ရန် တစ်နိုင်လုံး Lockdown ချသည့် အမိန့်ကို ဝန် ကြီးချုပ်ကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)