မူဆယ်​ဆေးရုံ၌ မြိုင်မြို့နယ်မှ အမျိုးသား တစ်ဦးကို COVID-19 ​စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသ​ပေး​နေ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, March 11, 2020

မူဆယ်​ဆေးရုံ၌ မြိုင်မြို့နယ်မှ အမျိုးသား တစ်ဦးကို COVID-19 ​စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသ​ပေး​နေ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် နေထိုင်သော အသက် ၄၈ နှစ်အရွယ် အမျိုးသား တစ်ဦးကို မူဆယ် ပြည်သူ့​ဆေးရုံတွင် COVID-19 လတ်​တ​လော အသက်ရှူလမ်း​ကြောင်း ဆိုင်ရာ ​ရောဂါ ​စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ ​ဆေးကုသမှု ​ပေး​နေလျက် ရှိ​ကြောင်း ယ​နေ့ မတ်လ ၁၁ ရက်၊ ည ၈ နာရီတွင် ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
.

အဆိုပါ အမျိုးသားသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ​ဖေ​ဖော်ဝါရီလ ၂၀ ရက်တွင် မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ရောက်ရှိလာခဲ့ပြီး​နောက် မတ်လ ၁၀ ရက်တွင် မူဆယ်မြို့မှ ရွှေလီမြို့သို့ ပြန်လည်ထွက်ခွာရာ မူဆယ်နယ်စပ်ဂိတ်၌ အဖျား စစ်ဆေးစဥ် ကိုယ်အပူချိန် မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရသည့် အပြင် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရကြောင်း တွေ့ရှိရသဖြင့် မူဆယ်ပြည်သူ့ဆေးရုံတွင် သီးခြား ထားရှိ ကုသမှုပေး​နေခြင်း ဖြစ်​ကြောင်း သိရသည်။
.
ယင်း အမျိုးသား အပါအဝင် ​COVID-19 စောင့်ကြည့်လူနာ ၅ ဦး၏ ဓါတ်ခွဲ နမူနာများအား ရယူ၍ အမျိုးသား ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ​ပေးပို့ စစ်​ဆေးသွားမည်ဟု ​ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည်။
.
ထို့အပြင် ယခင်​နေ့များက ​စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားသည့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေသော ပင်းတယမြို့နယ်မှ အသက် ၂၃ နှစ် အရွယ် အမျိုးသား အပါအဝင် စုစုပေါင်း ၆ ဦးတို့၏ ဓာတ်ခွဲ နမူနာများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)