အမေရိကန်တွင် COVID-19 ရောဂါ ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် စမ်းသပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အမေရိကန်တွင် COVID-19 ရောဂါ ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်


မင်းဇော်မင်း
.
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် လူသား များတွင် စမ်းသပ်ခဲ့သည်ဟု သိရသည်။
.
Photo - BBC

.
NH ခေါ် အမျိုးသားကျန်းမာရေးသိပ္ပံအဖါဲ့နှင့် ဇီဝနည်းပညာကုမ္ပဏီ Moderna တို့က ပူးပေါင်းအကောင် အထည်ဖော်ခဲ့သည့် အဆိုပါ ကာကွယ်ဆေးကို mRNA-1273 ဟု အမည်ပေးထားပြီး ဆီရက်တယ်မြို့ရှိ Kaiser Permanete သုတေသနအဖွဲ့က ကျန်းမာသန်စွမ်းသူ ၄၅ ဦးကို မတ်လ ၁၆ ရက်က စတင်စမ်းသပ် ထိုးသွင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းသူပေါင်း ၄၅ ဦးကို ၎င်းတို့၏ ဆန္ဒအရ စမ်းသပ်ကုသ ခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို ၆ ပတ်အတွင်း ဆေးထိုးစမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်ကာ ၂၈ ရက်ခြားကာ လက်မောင်း ကြွက်သား အတွင်းသို့ ၂ ကြိမ် ထိုးသွင်းမည်ဖြစ်ပြီး စမ်းသပ်မှုမှ ဘေးထွက်ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်ပါက အဆိုပါ ဒဏ်ကို ၎င်းတို့ ခံရမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် နော်ဝေနိုင်ငံ အော်စလိုမြို့ အခြေစိုက် Coalitions for Epidemic Preparedness Innovations(CEPI) အဖွဲ့ ကပါဝင်ထားပြီး လက်ရှိအချိန်ထိတွင် COVID-19 ရောဂါကို ကာကွယ်ရန် တရားဝင်သတ်မှတ်ထားသည့် ဆေးမရှိကြောင်းနှင့် ဗြိတိန်၊ သြစတေးလျနိုင်ငံများအပါအဝင် နိုင်ငံပေါင်းများစွာမှ သိပ္ပံပညာရှင်များ စွာက စမ်းသပ်ရှာဖွေနေဆဲဖြစ်ကာ  အနည်းငယ်က တွေ့ရှိထားကြောင်း ကြေညာထားသော်လည်း ယခုအမေရိကန်မှ ပထမဆုံး လူများဖြင့် စမ်းသပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
အလားတူ အ‌မေိကန်နိုင်ငံရှိ InovioGilead Sciences အစရှိသည့် ဆေးဝါးလုပ်ငန်းမျးာကလည်း တရုတ် နိုင်ငံတွင် လူများနှင့် စမ်းသပ်လျက်ရှိရာ နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း ကြေညာထားသည်။
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကမူ COVID-19 ကူးစက်မှု ၈၀ ရာခိုင်နှုန်းမှာ အသေးစား ရောဂါကူးစက် ခံရခြင်းဖြစ်ကာ ၁ ပတ်မှ ၂ ပတ်အတွင်း ပြန်လည်ကျန်းမာလာနိုင်ကြောင်းနှင့် အပြင်းစားကူးစက်မှု ၁၄ ရာခိုင်နှုန်းမှာ အနည်းဆုံး ၆ ပတ်နှင့်အထက် ကြာမြင့်နိုင်ပြီး ကူးစက်မှု ၅ ရာခိုင်နှုန်းကမူ အဆိုးဆုံးဖြစ်ကာ အဆုတ်တွင် အောက်စီ ဂျင် ရရှိရန် ခက်ခဲစေသည်ဟု ပြောကြားထားသည်။
.
လက်ရှိ မတ်လ ၂၁ ရက်၊ ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံရသူ ၂၇၅၈၁၇ ဦး၊ သေဆုံးသူ ၁၁၃၉၇ ဦး၊ ပြန်လည်သက်သာလာသူ ၉၁၉၁၂ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats