မူဆယ်ဆေးရုံမှ COVID-19 စောင့်ကြည့်လူနာကလေးငယ်၏ ဓါတ်ခွဲနမူနာအား စစ်ဆေးနေ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, March 4, 2020

မူဆယ်ဆေးရုံမှ COVID-19 စောင့်ကြည့်လူနာကလေးငယ်၏ ဓါတ်ခွဲနမူနာအား စစ်ဆေးနေ


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ပြည်သူ့ဆေးရုံမှ ကိုရိုနာဗိုင်းရပ်(COVID-19) စောင့်ကြည့်လူနာ ကလေးငယ် (ကျား)၏ ဓါတ်ခွဲနမူနာအား စစ်ဆေးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
ဓါတ်ခွဲ အဖြေ ပို့ထားတယ်။ မကြာပါဘူး။ အဖြေ ထွက်မှာပါ။ စောင့်ကြည့်လူနာပေါ့ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဂျယ်ခေါင်မြို့မှ မြန်မာနိုင်ငံငံ မူဆယ်မြို့သို့ နေ့စဉ် ကျောင်းတက်ရန် လာရောက်နေသည့် အသက် ၉ နှစ် အရွယ် ဒုတိယတန်း ကျောင်းသား တစ်ဦးအား မူဆယ်နယ်စပ် ဝင်/ထွက်ဂိတ်၌ မတ်လ ၃ ရက်တွင် အဖျားစစ်ဆေးရာ ဖျားခြင်း၊ လည်ချောင်းနာခြင်း ရောဂါ လက္ခဏာများ တွေ့ရှိသဖြင့် မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ(PUI) အဖြစ် သတ်မှတ်၍ ၎င်းထံမှ ဓါတ်ခွဲနမူနာအား အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.

ရှမ်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်(COVID-19) ရောဂါနှင့် ပတ်သက်၍ သံသယလူနာ၊ စောင့်ကြည့်လူနာ ယခင်က ၁၂ ဦး ရှိခဲ့သော်လည်း ၎င်းတို့တွင် ပိုးတွေ့ရှိရခြင်း မရှိဘဲ ယခု ဓါတ်ခွဲနမူနာ စစ်ဆေးနေဆဲ လူနာကလေး အပါအဝင် စုစုပေါင်း ၁၃ ဦး ရှိကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု မရှိစေရေးအတွက် လတ်တလောတွင် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ဖျက်သိမ်းရန်နှင့် တတ်နိုင်သမျှ ရှောင်ရှားသွားရန်အတွက် ရှမ်းပြည်နယ်အ စိုးရအဖွဲ့က မတ်လ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)