ကိုရိုနာဗိုင်းရပ်စ် COVID-19 သည် အသက်အရွယ်ကြီးရင့်သူများတွင် ဖြစ်ပွားပါက သေဆုံးနိုင်ခြေ များပြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုရိုနာဗိုင်းရပ်စ် COVID-19 သည် အသက်အရွယ်ကြီးရင့်သူများတွင် ဖြစ်ပွားပါက သေဆုံးနိုင်ခြေ များပြား


မင်းဇော်မင်း
.
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါသည် အသက် ၆၀ ကျော် အသက်အရွယ်များတွင် ဖြစ်ပွားပါက သေဆုံး နိုင်ခြေ ပိုမိုများပြားကြောင်း တရုတ်နိုင်ငံ ဗဟိုရောဂါကာကွယ်တားဆီးရေးဌာနက မတ်လ ၁၈ ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်ဟု သိရသည်။
.

.
တရုတ်နိုင်ငံ ဗဟိုရောဂါကာကွယ်တားဆီးရေးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူများစာရင်းတွင် အသက် ၈၀ သေဆုံးနှုန်းမှာ ၁၄ ဒသမ ၈ ရာခိုင်နှုန်းအထိရှိပြီး အသက် ၇၀-၇၉ တွင် ၈ ရာခိုင်နှုန်း၊ ၆၀-၆၉ တွင် ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၅၀-၅၉ တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ၄၀-၄၉ တွင် ၀ ဒသမ ၄ ရာခိုင်နှုန်း နှင့် ၁၀ နှစ်မှ ၃၉ နှစ်အတွင်း ၀ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကာ မွေးစမှ ၉ နှစ်အတွင်း သေဆုံးသူ မရှိကြောင်း ဖော်ပြထား သည်။
.
ယင်း ဆန်းစစ်ချက်သည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့သို့ ရိုက်ခတ်ခဲ့သည့်  ရောဂါဖြစ်ပွားမှုအတွင်း တွေ့ရှိချက် များကို ဆန်းစစ်ခဲ့ခြင်းဖြစ်ကာ အဓိကမှာ အဆုတ်များသို့ ကိုရိုနာဗိုင်းရပ်စ်မှ တိုက်ခိုက်ရာတွင် အားနည်းသည့် အသက် အရွယ်ကြီးရင့်သူများ၏ အဆုတ်များသို့ ပြင်းထန်စွာ တိုက်ခိုက်ခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။
.

Journal Download

Photo of three cats