ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် မည်သည့်နိုင်ငံသို့မဆို အချိန်မရွေး ပျံ့နှံ့ရောက်ရှိနိုင်ကြောင်း WHO သတိပေး - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 1, 2020

ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် မည်သည့်နိုင်ငံသို့မဆို အချိန်မရွေး ပျံ့နှံ့ရောက်ရှိနိုင်ကြောင်း WHO သတိပေး


မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ကူးစက်ပျံ့နှံခဲ့သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် လက်ရှိအနေအထား အရ မည်သည့်နိုင်ငံသို့မဆို အချိန်မရွေး ပျံ့နှံ့ရောက်ရှိနိုင်သဖြင့် မပေါ့ဆသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO_ က ဖေဖော်ဝါရီလ ၂၈ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်ဟု CNA သတင်း၌ ဖော်ပြပါရှိသည်။
.
 
.
အဆိုပါ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ အရှေ့အလယ်ပိုင်းဒေသ အီရန် မှသည် ဩစတေးလျနိုင်ငံ အထိ အစိုးရများမှ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသော်လည်း ကမ္ဘာတစ်ဝှမ်း ရောဂါကူးစက်မှုသည် တရုတ်နိုင်ငံ တွင် ရောဂါပိုး အသစ်တွေ့ရှိမှု အရေအတွက်ထက် ကျော်လွန်သွားပြီဖြစ်သည်ဟု WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom က ပြောသည်။
.
“ဒီ ဗိုင်းရပ်စ်ကို ဖြစ်မလာနိုင်ဘူးလို့ ဘယ်နိုင်ငံကမှ သေချာပေါက် မယူဆထားသင့်ဘူး။ အဲဒီလို ယူဆထားရင် အမှားကြီး ဖြစ်လိမ့်မယ်”ဟု ၎င်းက ပြောသည်။
.
ဖေဖော်ဝါရီလ ၂၉ ရက်၊ ညနေပိုင်းအထိ ကမ္ဘာနိုင်ငံ ၆၀ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၈၅၄၄၈ ဦး၊ သေဆုံးသူ ၂၉၂၄ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၃၉၄၄၉ ဦး ရှိလာပြီဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)