COVID-19 သည် SARS ၊ ရာသီတုပ်ကွေးရောဂါ တို့နှင့် နှိုင်းယှဉ်ပါက လူ့ခန္ဓာကိုယ်တွင် ပိုမို ကြာရှည်စွာ ရှိနေနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 သည် SARS ၊ ရာသီတုပ်ကွေးရောဂါ တို့နှင့် နှိုင်းယှဉ်ပါက လူ့ခန္ဓာကိုယ်တွင် ပိုမို ကြာရှည်စွာ ရှိနေနိုင်

မင်းဇော်မင်း
.
ရာသီတုပ်ကွေးရောဂါနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါ (SARS) တို့ကို ဖြစ်စေသည့် ဗိုင်းရပ်စ်များနှင့် နှိုင်းယှဉ်ပါက COVID-19 ဗိုင်းရပ်စ်သည် လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက် ကူးစက်ပြီးနောက် ပျောက်ကွယ် ကင်းရှင်းစေရန်မှာ ပိုမို ရှည်လျားသော အချိန်တစ်ခု ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
.
“ COVID-19 က လူ့ခန္ဓာကိုယ်ထဲမှာ အချိန်အတော်ကြာ ဆက်ရှိနေလိမ့်မယ်။” ဟု ပီကင်းတက္ကသိုလ် ဆေးရုံ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဆရာဝန် Wang Guiqiang က မတ်လ ၂၄ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောဆိုခဲ့ကြောင်း CGTN တွင် ဖော်ပြထားသည်။
.
COVID-19 ကူးစက်ခံ လူနာတစ်ချို့ ပြန်လည်သက်သာ ကျန်းမာလာပြီးမှ နောက်တစ်ကြိမ် ဗိုင်းရပ်စ် ပြန်တွေ့သည့် ဖြစ်စဉ်များ ဖြစ်ပွားနေရခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို ၄င်း၏ ပြောဆိုချက်က တစိတ်တပိုင်း ရှင်းပြနိုင်ဖွယ် ရှိနေသည်။
.

လက်ရှိ အခြေအနေအရ ဒုတိယအကြိမ် COVID-19 ကူးစက်ခံရခြင်းဟု ဆိုလိုခြင်း မဟုတ်ဘဲ ယင်းသို့ ဖြစ်ခြင်းမှာ ဆေးစစ်မှု နမူနာများကို စနစ်တကျ စုဆောင်းခြင်း မရှိခဲ့ခြင်းကြောင့် သော်လည်းကောင်း၊ လူနာများသည် ကာလရှည်ကြာ ရောဂါ ခံစားရမှုကို ကြုံတွေ့နေရခြင်းကြောင့် သော်လည်းကောင်း ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။
.
၄င်းအပြင် COVID-19 သည် SARS နှင့် နှိုင်းယှဉ်ပါက လူတစ်ဦးမှ တစ်ဦးသို့ ပိုမို ကူးစက်တတ်သော်လည်း သေဆုံးမှုနှုန်း နည်းပါးကာ တုပ်ကွေး ဗိုင်းရပ်စ်နှင့် ယှဉ်ပါက ကူးစက်မှု ပိုနည်းသော်လည်း သေဆုံးမှုနှုန်း ပိုများသည်ဟု Wang Guiqiang က ပြောသည်။
.
COVID-19 သည် SARS ကဲ့သို့ တူညီသော ဗိုင်းရပ်စ် အုပ်စုတွင် ပါဝင်ပြီး COVID-19 သည် SARS ထက် ပိုမို ကူးစက်နိုင်ခြေ များသော်လည်း ယင်း၏ သေဆုံးမှုနှုန်းက ပိုမို လျော့နည်းသည်ကို လက်ရှိ အချက်အလက်များက ပြသနေကြောင်း Capital ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ အဆုတ်ကင်ဆာ ကုသမှုစင်တာ၏ ဒါရိုက်တာ Zhi Xiuyi က ပြောဆိုထားသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
.
Ref ; CGTN, Photo; Shutterstock

Journal Download

Photo of three cats