တရုတ်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ


စိုင်းသိင်္ခသူ
.
တရုတ်နိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားမှုကြောငင့် မြန်မာနိုင်ငံသို့ နေရပ်ပြန်လိုကြောင်း ဆက်သွယ်လာသည့် တရုတ်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် ရှန်တုန်းပြည်နယ်၊ ဝေးဟိုင်ခရိုင်၊ ဝမ်သမ်းမြို့ရှိ ဟိုင်ဖူရေလုပ်ငန်းစက်ရုံမှ မြန်မာလုပ်သား ၂၉၈ ဦးကို သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်း၍ မြန်မာ-တရုတ်နယ်စပ်၊ ချင်းရွှေဟော်ဂိတ်မှတဆင့် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါမြန်မာနိုင်ငံသားများအနက် ပထမအသုတ် ၁၄၉ ဦးအား ဘတ်စ်ကား ၄ စီးဖြင့် မတ်လ ၁၆ ရက်က ပို့ဆောင်ခဲ့ရာ မတ်လ ၁၉ ရက်တွင် လည်းကောင်း၊ ဒုတိယအသုတ် ၁၄၉ ဦးကို လည်း ဘတ်စ်ကား ၄ စီးဖြင့် ပို့ဆောင်ရာ မတ်လ ၂၀ ရက်တွင်လည်းကောင်း ချင်းရွှေဟော်ဂိတ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဘတ်စ်ကား ၁ စီးစီတွင် ဆရာဝန်တစ်ဦးနှင့် တရုတ် ရဲတပ်ဖွဲ့ဝင် ၆ ဦးလိုက်ပါ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
.
အလားတူ ရှန်တုန်းပြည်နယ်၊ ရုန်းချောင်းမြို့မှ မြန်မာအလုပ်သမား ၇၅ ဦးကိုလည်း မတ်လ ၁၆ ရက်က ပို့ဆောင် ပေးခဲ့ရာ လာမည့် မတ်လ ၁၉ ရက်တွင် ချင်းရွှေဟော် ဂိတ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
.
တရုတ်နိုင်ငံတွင် တရားမဝင်ရောက်ရှိလာနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆက်သွယ်အကြောင်းကြားလာမှု အရေအတွက်မှာ များပြားလျက်ရှိကြောင်းနှင့် မြန်မာသံရုံးမှ သက်ဆိုင်ရာ တရုတ်အာဏာပိုင်များဖြင့် ညှိနှိုင်းဆောင်ရွက်နေစဉ်အတွင်း မလိုလားအပ်သည်များ မဖြစ်ကြစေရန် အသိပေးလျက်ရှိသည်ဟု သိရသည်။
.
မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့ဘက်တွင်လည်း ပြန်စရာခက်ခဲနေသူများအနက် တောတွင်း ပုန်းနေကြရသူ၊ လမ်းဘေးတွင် ရောက်ရှိနေကြသူများကို ကယ်ဆယ်ပို့ဆောင်ပေးခဲ့ရာ မတ်လအတွင်းစုစုပေါင်း ၆၉၇ ဦးရှိခဲ့ပြီး ဖြစ်သည်ဟု ရွှေလီအခြေစိုက်မိုးမခဖောင်ဒေးရှင်းမှ သိရသည်။
.

Journal Download

Photo of three cats