ရှမ်းပြည်နယ်အတွင်း တရားမဝင် လက်ကိုင်လွှစက် ကိုင်ဆောင်သူများကို သစ်တောဥပဒေဖြင့် အရေးယူမည် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, March 6, 2020

ရှမ်းပြည်နယ်အတွင်း တရားမဝင် လက်ကိုင်လွှစက် ကိုင်ဆောင်သူများကို သစ်တောဥပဒေဖြင့် အရေးယူမည်


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်း တရားမဝင် လွှစက် ကိုင်ဆောင် အသုံးပြု သူနှင့် ရောင်းဝယ်သူများကို ၂၀၁၈ ခုနှစ် သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
တရားမဝင် သစ်ခိုးထုတ်မှု ဖြစ်စဉ်များ များပြားနေသည့်အတွက် ရှမ်းပြည်နယ်အတွင်းရှိ လက်ကိုင်လွှစက် (Chain Saw) ကိုင်ဆောင် အသုံးပြုသူများ၊ ရောင်းဝယ်သူများ အား ဖေဖော်ဝါရီလ ၁၉ ရက်မှ စတင်၍ ဧပြီလ ၃ ရက် အထိ ပညာပေး ကာလ သတ်မှတ်ပြီး သက်ဆိုင်ရာ သစ်တောဦးစီးဌာနများသို့ လာရောက် အပ်နှံရန် ညွှန်ကြားထားကြောင်း သိရသည်။
.
အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ အဋ္ဌမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအ ဝေး ဆုံးဖြတ်ချက်အမှတ် ၇၇ (ဆ) အရ ရှမ်းပြည်နယ်အတွင်း လက်ကိုင် လွှစက် တင်သွင်း အသုံးပြုမှုဆိုင်ရာ ဒေသန္တရအမိန့်ကို ရှမ်းပြည်နယ်အ စိုးရအဖွဲ့မှ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

အဆိုပါ သတ်မှတ်ကာလထက် ကျော်လွန်၍ လက်ကိုင်လွှစက် လက်ဝယ်ထားရှိသူ၊ ကိုင်ဆောင် အသုံးပြုသူများနှင့် တရားမဝင် ရောင်းဝယ်သူများကို ၂၀၁၈ ခုနှစ်၊ သစ်တော ဥပဒေ ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ) အရေး ယူသွားမည် ဖြစ်ကြောင်း သိရသည်။
.
လက်ကိုင်လွှစက် အသုံးပြုရန် လိုအပ်သော ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ် သစ်တောဦးစီးဌာနရုံးများတွင် အသုံးပြု ဆောင်ရွက်မည့် လုပ်ငန်းနှင့် စက်အမျိုးအစား၊ စက်အင်အားမှတ်တမ်းနှင့် အတူ အသုံးပြုခွင့် လာရောက်လျှောက် ထားရမည် ဖြစ်ကြောင်း သိရသည်။
.
သစ်တောဥပဒေကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်က ၂၀၁၈ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၀ ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်း ဥပဒေ ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ)တွင် မည်သူ မဆို သစ်အခြေခံ အသုံးပြုသည့် အသေးစား စက်မှုလက်မှုလုပ်ငန်း များနှင့် ပရိဘောဂလုပ်ငန်းများမှအ ပ ခွင့်ပြုမိန့် မရှိဘဲ လွှစင်၊ လွှစက်၊ လျှာထိုးစက်၊ အထပ်သားစက်၊ သစ် ပါးလွှာစက် သို့မဟုတ်သစ်အခြေခံ အသုံးပြုသည့် စက်တည်ထောင် လုပ်ကိုင်ခြင်း သို့မဟုတ် လက်ကိုင် လွှစက် လက်ဝယ်ထားရှိခြင်း ပြုပါ က အရ ၇ နှစ်ထက် မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ငွေကျပ် ၅ သိန်းမှ ၁၀ သိန်း အထိ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်း ဖော်ပြထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)