ဘယ်လ်ဂျီယန်တွင် COVID-19 ဖြင့် ကွယ်လွန်သွားသူ၏ ကြောင်တွင် ရောဂါ ကူးစက်နေသည်ကို တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘယ်လ်ဂျီယန်တွင် COVID-19 ဖြင့် ကွယ်လွန်သွားသူ၏ ကြောင်တွင် ရောဂါ ကူးစက်နေသည်ကို တွေ့ရှိ


မင်းဇော်မင်း
.
ဘယ်လ်ဂျီယန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် ကွယ်လွန်သွားသူ မွေးမြူထားသည့် ကြောင်တွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း Daily Mail  က ဖော်ပြထားသည်။
.
“ ကိုရိုနာ ဗိုင်းရပ်စ်ဟာ ကြောင်ကို ကူးစက်ထားတယ်ဆိုတာ သေချာတယ်၊ ဒီကြောင်ဟာ သူ့ပိုင်ရှင် အမျိုးသမီးနဲ့ အတူ နေရာက နေ ကူးစက်ခံရမှုရဲ့ လက္ခဏာတွေ ပြလာတာ စစ်ဆေး တွေ့ရှိရတယ်”ဟု ဘယ်လ်ဂျီယန် နိုင်ငံ၏ ရောဂါဆိုင်ရာ သိပ္ပံဌာနမှူး Steven van Gucht က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ကူးစက်မှုမှာ ဘယ်လ်ဂျီယန်နိုင်ငံအတွက် ပထမဆုံး တွေ့ရှိရခြင်း ဖြစ်ပြီး ဟောင်ကောင်တွင်လည်း ခွေး ၂ ကောင်ကို COVID-19 ရောဂါ ကူးစက်ခံရကြောင်း တရားဝင် ပြောကြားထားသည်။
.
[ Photo - Dily Mail ]

“ ဒါဟာ ခွဲခြားထားရမယ့် အမှု(ကိစ္စ) ပဲ၊ အများပြည်သူ နဲ့ သီးခြားထားရမှာ ဖြစ်တယ်၊ ကြောင်မှာ ဝမ်းပျက်တာ၊ အန်တာ၊ အသက်ရှု ခက်ခဲတာတွေ ဖြစ်တာအပြင် ဗိုင်းရပ်စ်ပိုးကို သူ့ရဲ့ မစင်မှာလည်း တွေ့ရတယ်၊ ဒါဟာ လူက တိရိစ္ဆာန်ကို ကူးစက်တာလို့ ပြောနိုင်ပေမယ့် အခြား နည်းတွေ မရှိပါဘူး၊ ဒါဟာ ကူးစက်မှု အသေးစား အဖြစ် စွန့်စားရမှာ ဖြစ်တယ်” ဟု Steven van Gucht က မီဒီယာများသို့ ပြောကြားကြောင်း သိရသည်။
.
သို့သော်လည်း လူမှ တိရိစ္ဆာန်သို့ ကူးစက်မှုအား သက်သေခံအဖြစ် ခိုင်မာစွာ ပြသရန် ယနေ့အချိန်အထိ မရှိသေးဘဲ တစ်စုံတစ်ယောက်အနေဖြင့် သံသယ ဖြစ်ပါက ဆက်သွယ်ရန်နှင့် မိမိတို့၏ တိရိစ္ဆာန်များကို ခွဲခြားထားရန် သို့မဟုတ် ရောဂါပိုး မကူးစက်စေရန် အထူးဂရုစိုက်ရန် ဘယ်လ်ဂျီယန်နိုင်ငံ စိုက်ပျိုးရေး၊ ငါးဖမ်းအဖွဲ့အစည်း ဌာနမှ ထုတ်ပြန်ကြောင်း Daily Mail  သတင်းတွင် ပါရှိသည်။
.
“ လူက ကြောင်ကို ကူးပေမယ့် ကြောင်က လူကိုတော့ ကူးတာ မရှိသေးဘူး၊ ဒါကြောင့် ကိုယ့် တိရိစ္ဆာန်တွေကို စွန့်ပစ်ဖို့ မလိုဘူး၊ ကျန်းမာရေး လမ်းညွန်ချက်ကိုသာ အထူးလေးစား လိုက်နာဖို့ ပြောလိုတယ်၊ တိရိစ္ဆာန်တွေကို မကိုင်ခင်နဲ့ ကိုင်ပြီး လက်ဆေးဖို့ပါပဲ” ဟု ဘယ်လ်ဂျီယန် တိရိစ္ဆာန်ကွယ်ရေးကောင်စီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရသည်။
.
ဘယ်လ်ဂျီယန်နိုင်ငံတွင် ယနေ့ မတ်လ (၂၉)ရက်ထိ COVID-19            ကူးစက်ခံရသူပေါင်း ၉၁၃၄ ဦး အနက် သေဆုံးသူ ၃၅၃ ဦး ရှိကာ ပြန်လည် သက်သာလာသူ ၁၀၆၃ ဦး ရှိကြောင်း worldometers.info တွင် ဖော်ပြထားသည်။
.

Journal Download

Photo of three cats